၁၉၉၈ ခုနှစ်က အာဖရိကရှိ အမေရိကန် သံရုံးနှစ်ရုံးကို ဗုံးခွဲတိုက်ခိုက်ရာမှာ ကြိုးကိုင် ကူညီပေးခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အယ်လ်ကိုင်ဒါအဖွဲ့ရဲ့ နံပါတ်နှစ် ခေါင်းဆောင်ကို အစ္စရေး ထောက်လှမ်းရေးတွေက သုတ်သင်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်သတင်းက နိုဝင်ဘာ ၁၃ ရက်မှာ ဖော်ပြပါတယ်။
သြဂုတ် ၇ ရက်က အီရန်မြို့တော် တဟီရန်မှာ မော်တော်ဆိုင်ကယ်စီး လူနှစ်ယောက်က အယ်လ်ကိုင်ဒါ နံပါတ်နှစ် ခေါင်းဆောင် အဗ္ဗဒူလာအာမက်-အဗ္ဗဒူလာကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထောက်လှမ်းရေးအရာရှိတွေကို ကိုးကားပြီး နယူးယောက်တိုင်းမ်က ဖော်ပြတာပါ။
လက်ရှိ အယ်လ်ကိုင်ဒါအဖွဲ့ ခေါင်းဆောင်နေရာ ဆက်ခံဖွယ်ရှိတဲ့ နံပါတ်နှစ် ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့တဲ့ သတင်းကို လက်ရှိအချိန်အထိ လျှို့ဝှက်ထားတယ်လို့ သတင်းစာက ရေးသားပါတယ်။
ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီနဲ့ တန်ဇနီးယားနိုင်ငံ မြို့တော်ဒါရက်ဆလမ်က အမေရိကန် သံရုံးနှစ်ခုကို ဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၂၄ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီထဲမှာ ၁၂ ယောက်က အမေရိကန်နိုင်ငံသားတွေ ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
2 years Ago