အယ်လ်ဂျီးရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ကူညီဖို့အတွက် တရုတ်ဆေး ဘက်ကျွမ်း ကျင်ပညာရှင်အဖွဲ့ တဖွဲ့ဟာ မေ ၁၄ ရက်က ရောက်ရှိလာခဲ့ပါတယ် ။
တရုတ်သံအမတ် အဆိုအရ ဒီအဖွဲ့မှာ ပညာရှင် ၂၀ ပါဝင်တယ်လို့သိရပါတယ်။
ဒီပညာရှင်တွေထဲမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ၊ ကူးစက်ရောဂါဆိုင်ရာ၊ အထူး ကြပ်မတ်ကုသခြင်းဆိုင်ရာ၊ ဆေးရုံတွေ တည်ဆောက် စီမံခန့်ခွဲရေးဆိုင်ရာနဲ့ တရုတ်ရိုးရာ ဆေး ပညာဆိုင်ရာပညာရှင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီပညာရှင်တွေ အယ်ဂျီးရီးယားမှာ ၁၅ ရက်တာ နေထိုင်ပြီး ကိုဗစ်-၁၉ ကုသရေး အတွေ့အကြုံတွေကို ဝေမျှသွားမှာဖြစ်ပါတယ်။
မြောက်အာဖရိကနိုင်ငံတခုဖြစ်တဲ့ အယ်ဂျီးရီးယားမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေဟာ ၆၄၄၂ ဦး ရှိထားပြီး သေဆုံးသူကတော့ ၅၂၉ ဦးရှိထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago