အယ်ဘေးနီးယားမြေငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ နိုဝင်ဘာ ၂၉ ရက်မှာ ၄၉ ယောက်အထိ မြင့်တက်လာတယ်လို့ အယ်ဘေးနီးယားမီဒီယာက ဖော်ပြပါတယ်။
နိုင်ငံမြောက်ပိုင်း ထမာနဲမြို့မှာ နိုဝင်ဘာလ ၂၈ ရက်အထိ သေဆုံးသူ ၂၂ ယောက် ရှိပါတယ်။
ဒူးရက်စ်မြို့မှာတော့ ပိတ်မိရုပ်အလောင်းတွေ ရှိတယ်လို့ ယုံကြည်ရတဲ့ နောက်ဆုံး အဆောက်အအုံထဲကို ကယ်ဆယ်ရေးသမားတွေ ဝင်ရောက်ရှာဖွေနေပါတယ်။
မြေငလျင်လှုပ်ပြီး ၃ ရက်အကြာမှာတော့ ဒေသခံတွေဟာ ဆုံးရှုံးမှုတွေနဲ့ အသားကျဖို့ မနည်းရုန်းကန်နေရပါတယ်။
မြေငလျင်ကြောင့် နေအိမ်ဆုံးရှုံးရသူတွေကို အာဏာပိုင်တွေက ဘောလုံးကွင်းတွေ၊ ဟိုတယ်တွေ၊ ကျောင်းတွေနဲ့အားကစားရုံတွေမှာ ယာယီရွက်ဖျင်တဲတွေနဲ့ နေရာချထား ပေးပါမယ်။
နိုဝင်ဘာ ၂၆ ရက်မနက် ၄ နာရီက အယ်ဘေးနီးယားနိုင်ငံ ဒူးရက်စ်မြို့မှာ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း အကြိမ် ၅၀၀ ကျော် လှုပ်ခဲ့ပါတယ်။
3 years Ago