ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ်တဲ့ အယ်ဘေးနီးယားနိုင်ငံမှာ နိုဝင်ဘာလ ၂၈ ရက်အထိ သေဆုံးသူ ၄၀ ထက်မနည်း ရှိလာပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်သူတွေကို အသည်းအသန် ရှာဖွေနေပါတယ်။
အပြိုအပျက်တွေအောက်ကနေ လူ ၄၅ ယောက်ကို အသက်ရှင် ဆွဲထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရသူအယောက် ၆၅၀ ထဲက အနည်းစုဟာ အခြေအနေစိုးရိမ်ရပါတယ်။
၁၉၇၉ နောက်ပိုင်း မြေငလျင် လှုပ်ခတ်တာ မရှိခဲ့တဲ့ အယ်ဘေးနီးယားမှာ ငလျင်ဘေး ကယ်ဆယ်ရေးနည်းပညာပိုင်း အားနည်းချက်တွေ ရှိနေပါတယ်။
အီတလီ၊ ဂရိ၊ ရိုမေးနီးယားနဲ့ တခြားနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်ရောက်လာပြီး အသက်ရှင်သူတွေကို ကူညီရှာဖွေပေးနေပါတယ်။ မြေငလျင်ဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ ဒူးရက်စ်နဲ့ ထူမာနဲ ဒေသတွေမှာ အစိုးရက ရက်ပေါင်း ၃၀ အရေးပေါ် အခြေအနေထုတ်ပြန်ထားပြီး နေအိမ်တွေ ပျက်စီးဆုံးရှုံးသူတွေကို လာမယ့်နှစ်ကုန်မှာ နေအိမ်သစ်တွေကို တည်ဆောက်ပေးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
3 years Ago