အယ်ချီ

September 19, 2020

လာလီဂါအဖွင့်ပွဲစဉ်မတိုင်ခင် အယ်ချီနှင့် ခြေစမ်းကစားရန် ဘာစီလိုနာ လေ့ကျင့်ပြင်ဆင်

ဘာစီလိုနာအသင်းဟာ လာလီဂါအဖွင့်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် အယ်ချီ အသင်းနဲ့ စက်တင်ဘာ ၁၉ ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။  အသင်းခေါင်းဆောင် မက်ဆီလည်း အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲ ၂ ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပထမဆုံးခြေစမ်းပွဲစဉ်အဖြစ် စက်တင်ဘာ ၁၂ ရက်က ဂျင်နစ်စတစ်အသင်းနဲ့ ခြေစမ်းခဲ့သလို စက်တင်ဘာ ၁၆ ရက်ကလည်း ဂျီရိုနာအသင်းနဲ့ ခြေစမ်းခဲ့ပြီး နှစ်ပွဲစလုံးမှာ ၃ ဂိုး ၁ ဂိုး ရလဒ်တွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဂျီရိုနာနဲ့ ခြေစမ်းပွဲမှာ မက်ဆီက ၂ ဂိုးသွင်းယူခဲ့ပြီး အခုနှစ်ရာသီအတွင်း ပထမဆုံးသွင်းဂိုးတွေ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားခဲ့ရတာကြောင့် စက်တင်ဘာ ၂၇ ရက်ရောက်မှ ဗီလာရီးရဲလ်နဲ့ အဖွင့်ပွဲစဉ်ကစားသွားရမှာ ဖြစ်ပါတယ်။
8 months Ago
Up