အယ်လ်ရှာဘတ်သူပုန်

January 16, 2019

ကင်ညာတွင် စုပေါင်းရုံးနှင့် ဟိုတယ်များရှိရာနေရာကို သူပုန်တိုက်ခိုက်၊ ၁၅ ဦးထက်မနည်း သေဆုံး

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီက အထက်တန်းလွှာတွေနေတဲ့ စုပေါင်းရုံးနဲ့ ဟိုတယ်တွေရှိရာ နေရာကို ဆိုမာလီအခြေစိုက် အယ်လ်ရှာဘတ် သူပုန်အုပ်စုက အစွန်းရောက် စစ်သွေးကြွတွေ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံသားတဦး အပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက အေပီသတင်းဌာနကို ပြောပါတယ်။ အယ်လ်ရှာဘတ်တွေက ဒူးဇစ်ဒီတူး (dusitD2) ဟိုတယ်ရှိရာနေရာကို တိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်လို့ အခိုင်အမာ ကြေညာခဲ့တာပါ။ အခင်းဖြစ်နေရာကို ပိတ်ဆို့ထားပြီး လုံခြုံရေးနဲ့ အရေးပေါ်အဖွဲ့တွေက ချက်ချင်း တုံ့ပြန်ဆောင်ရွက်နေတယ်၊ အခြေအနေကို စီမံခန့်ခွဲနေတယ်၊ ဒေသခံတွေကိုလည်း စစ်ဆေးနေပြီး ဒေသတွင်းကနေ ဘေးကင်းရာ ရွှေ့ပေးနေတယ်လို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။
2 years Ago
Up