အယ်လ်မီရွန်

February 1, 2019

အတ္တလန္တာတိုက်စစ်မှူး အယ်လ်မီရွန်ကို ကလပ်စံချိန်တင်ဈေးဖြင့် နယူးကာဆယ် ခေါ်ယူ

နယူးကာဆယ်အသင်းဟာ အတ္တလန္တာအသင်းရဲ့ ပါရာဂွေးတိုက်စစ်မှူး မီဂွယ်အယ်လ်မီရွန်ကို ကလပ်စံချိန်တင်ငွေကြေး အသုံးပြုပြီး ခေါ်ယူခဲ့ပါတယ်။ နည်းပြ ဘင်နီတက်ဇ်က အသင်းကိုမြှင့်တင်ဖို့ အသင်းပိုင်ရှင် မိုက်အက်ရှ်လေကို မကြာခဏ ဖိအားပေး ပြောကြားပြီးတဲ့နောက် ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းသုံးပြီး ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ဘင်နီတက်ဇ်ဟာ နယူးကာဆယ်အသင်းကို ကိုင်တွယ်ခဲ့တာ ၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဘင်နီတက်ဇ်ဟာ နယူးကာဆယ်အသင်းကို ကိုင်တွယ်ခဲ့ချိန်မှာ ၃ နှစ်အတွင်း အသင်းတိုးတက်ရေး ကတိပေးခဲ့ပေမယ့် အသင်းပိုင်ရှင်ရဲ့ အသင်းအပေါ် ရင်းနှီးမြှုပ်နှံမှု မရှိတာကြောင့် သိသိသာသာ တိုးတက်လာခြင်းမရှိတာ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ နယူးကာဆယ်အသင်းဟာ လတ်တလော အယ်လ်မီရွန်ကို ခေါ်ယူမှုအပြင် မိုနာကိုနောက်ခံလူ အန်တိုနီယို ဘရက်ကာကို အငှားနဲ့ ခေါ်ယူဖို့လည်း ကြိုပမ်းခဲ့ပါတယ်။
2 years Ago
Up