အယ်လ်ကိုင်ဒါခေါင်းဆောင်များ အပါအဝင် အကြမ်းဖက်သမား ၁၄ ဦး သုတ်သင်နိုင်ခဲ့ဟု အမေရိကန် ပြော

January 31, 2017

အယ်လ်ကိုင်ဒါခေါင်းဆောင်များ အပါအဝင် အကြမ်းဖက်သမား ၁၄ ဦး သုတ်သင်နိုင်ခဲ့ဟု အမေရိကန် ပြော

အမေရိကန်အထူးတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ညက ယီမင်နိုင်ငံအတွင်း အယ်လ်ကိုင်ဒါ စစ်ဆင်ရေးတခု လုပ်ဆောင်ခဲ့ကြပြီး အယ်လ်ကိုင်ဒါခေါင်းဆောင်တွေ အပါအဝင် အကြမ်းဖက်သမား ၁၄ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ အဲဒီစစ်ဆင်ရေးမှာ အမေရိကန်အထူးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့ကြပါတယ်။ ၄၅ မိနစ်ကြာ အထူးစစ်ဆင်ရေးအတွင်း အမေရိကန်လေတပ် အပါချီ စစ်ရဟတ်ယာဉ်တွေလည်း သုံးစွဲခဲ့ပြီး အယ်လ်ကိုင်ဒါခေါင်းဆောင် ၃ ဦးကို သုတ်သင်ခဲ့ကြပါတယ်။ ကနဦးဒေသခံသတင်းတွေမှာ စစ်သွေးကြွ ၄၁ ဦးနဲ့ အရပ်သား ၁၆ ဦး သေဆုံးတယ်လို့ ဖော်ပြခဲ့ကြပြီး ဆေးရုံတရုံ၊ ကျောင်းတကျောင်းနဲ့ ဗလီတလုံး ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ အယ်ဘိုင်ဒါပြည်နယ် အာဏာပိုင်တွေက ပြောဆိုခဲ့ကြတာပါ။ ယီမင်နိုင်ငံရှိ အယ်လ်ကိုင်ဒါတပ်ဖွဲ့ကို အမေရိကန်လေတပ် ဒရုန်းလေယာဉ်တွေက မကြာမကြာ တိုက်ခိုက်ရှင်းလင်းနေခဲ့ကြတာပါ။
5 years Ago
Up