ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာသာ မရခဲ့ရင် အကြီးအကျယ် စိတ်ပျက်ဖို့ကောင်းလိမ့်မယ်လို့ အင်္ဂလန်အမျိုးသမီးအသင်းရဲ့ တိုက်စစ်မှူး အယ်လန်ဝှိုက်က ပြောလိုက်ပါတယ်။
အင်္ဂလန်အသင်းဟာ အခုနှစ် ကမ္ဘာ့ဖလားမှာ တောက်လျှောက် ခြေစွမ်းပြနိုင်ခဲ့သလို ငါးပွဲဆက်တိုက် အနိုင်နဲ့အတူ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပေမယ့် အစဉ်အလာကြီးတဲ့ လက်ရှိချန်ပီယံ အမေရိကန်အသင်းက အဲလက်စ်မော်ဂန်ရဲ့ တလုံးတည်းသော အနိုင်ဂိုးကြောင့် အင်္ဂလန်သူတွေ မျက်ရည်ကျခဲ့ရတာပါ။
အင်္ဂလန်ဟာ တတိယနေရာလုပွဲအဖြစ် ဆွီဒင်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ကမ္ဘာ့ဖလားမှာတုန်းကလည်း တတိယနေရာလုပွဲမှာ ဂျာမနီအသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ယူကာ ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဖီးလ်နဗီးလ်ရဲ့ ဦးဆောင်မှုအောက်မှာ စိတ်ဓာတ်အပြည့်နဲ့ တိုက်ပွဲဝင်လာခဲ့တဲ့ အင်္ဂလန်အမျိုးသမီးဟာ ဖလားရရှိဖို့ထိ မျှော်မှန်းခဲ့လို့ လက်ရှိအချိန်ထိ ပြီးခဲ့တဲ့ ရှုံးပွဲကို နာကျင်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ကြေးတံဆိပ်ရရှိဖို့က ဖြစ်နိုင်တဲ့ အခြေအနေမို့ ဂုဏ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ အယ်လန်ဝှိုက်က တိုက်တွန်း ပြောကြားသွားပါတယ်။
2 years Ago