ဆိုမာလီနိုင်ငံ မူဂါဒစ်ရူးမြို့တော်မှာ နိုဝင်ဘာလ ၁ ရက်နေ့က ဟိုတယ်တလုံး အယ်ရှာဘတ် အကြမ်းဖက်တွေရဲ့ အသေခံ ၀င်ရောက်စီးနင်းခဲ့ကြလို့ လူအနည်းဆုံး ၁၅ ဦး သေဆုံးသွား ပါတယ်။
ဖောက်ခွဲရေးပစ္စည်းအပြည့် တင်ဆောင်ထားတဲ့ ကား ၂ စီးနဲ့ ဟိုတယ်အရံအတားတွေကို အသေခံဖောက်ခွဲပြီး ဟိုတယ်ကို ၀င်ရောက်တိုက်ခိုက်တယ်လို့ ဆိုမာလီရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
အာဖရိကညွန်ပေါင်းတပ်ဖွဲ့နဲ့ ဆိုမာလီတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေက အယ်ရှာဘတ်တပ်ဖွဲ့တွေနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပြီး ဟိုတယ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ပြောဆိုပါတယ်။ ဒီဟိုတယ်ဟာ ဆိုမာလီ ပါလီမန်အမတ်တွေ အ၀င်အထွက်များတဲ့ ဟိုတယ်လို့လည်း ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို အယ်ကိုင်ဒါအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အယ်ရှာဘတ်အဖွဲ့ရဲ့ အင်တာနက်ဝက်ဆိုက်ဒ်မှာ ရေးသားထားပါတယ်။
ဆိုမာလီနိုင်ငံမှာ အရင်ကထက် တည်ငြိမ်မှု ပြန်လည်ရရှိလာပြီဖြစ်ပေမယ့် မိုဂါဒီဒစ်ရူးမြို့တော်ကတော့ အယ်ရှာဘတ်အကြမ်းဖက်တွေရဲ့ ပုံမှန်တိုက်ခိုက်ခံနေရဆဲ ဖြစ်ပါတယ်။
အာဖရိကညွန့်ပေါင်းတပ်ဖွဲ့က အယ်ရှာဘတ်အကြမ်းဖက်နှိမ်နှင်းရေးမှာ ဆိုမာလီအစိုးရကို အားပေးကူညီနေတာလည်း ဖြစ်ပါတယ်။
5 years Ago