ပရီးမီးယားလိဂ်ကလပ် ကာဒစ်စီးတီးအသင်းကနေ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး အယ်မီလီယာနိုဆာလာ စီးနင်းလာတဲ့လေယာဉ် ပျောက်ဆုံးနေတဲ့အတွက် ရှာဖွေနေပါတယ်။
လေယာဉ်ဟာ ပြင်သစ်နိုင်ငံ နန့်စ် (Nantes) ကနေ ကာဒစ်ကိုအလာ ပေ ၅၀၀၀ အမြင့်ကနေ ပျံသန်းနေရင်း ဗြိတိသျှပိုင် ချန်နယ်ကျွန်းတွေအနီးမှာ တနင်္လာနေ့ညက ပျောက်ဆုံးသွားတာပါ။
ကာဒစ်အသင်းက ပြင်သစ်ကလပ် နန့်စ်အသင်းကနေ အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူး ဆာလာကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းပေးပြီး ခေါ်ယူထားတာပါ။
ပြင်သစ်လေကြောင်း အာဏာပိုင်တွေကတော့ လေယာဉ်ငယ်ထဲမှာ ဆာလာ ပါသွားတာကို အတည်ပြုထားပါတယ်။
လေယာဉ်ပျောက်ဆုံးသွားတဲ့ နေရာအနီးတဝိုက်မှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ လေယာဉ်ပေါ် ပါသွားတဲ့သူတွေကို အသက်ရှင်ရက် ပြန်တွေ့ဖို့တော့ ရာခိုင်နှုန်း နည်းသွားပြီလို့ ရှာဖွေရေးသမားတွေက ခန့်မှန်းထားပါတယ်။
တိုက်စစ်မှူး ဆာလာဟာ ပြင်သစ်ကို ၂၀၁၂ မှာ ရောက်ရှိပြီး ဘော့ဒိုးကလပ်မှာ စတင်ကစားခဲ့ပါတယ်။
2 years Ago