အယ်ဒီတာ

July 18, 2018

သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ အသတ်ခံရမှု ၅၆ ကြိမ်မြောက် ရုံးထုတ်

ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်က သံမဏိနှင်းဆီ ဂျာနယ်တိုက်က ထုတ်ဝေသူ အယ်ဒီတာ ကိုဝေယံဟိန်း အသတ်ခံရမှုကို ဒီကနေ့ အရှေ့ပိုင်းခရိုင် တရားရုံးမှာ  ၅၆ ကြိမ်မြောက် ရုံးထုတ်ရာမှာ တရားခံ ၂ ကို ရှေ့နေတွေက စစ်ဆေးမေးမြန်းခဲ့ပါတယ်။ တရားခံ ၁ ကို စစ်ဆေးပြီးသွားပြီး လက်ရှိမှာတော့ တရားခံ ၂ ကို ဒီနေ့ နောက်ဆုံး စစ်ဆေးနေတာ ဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့ တရားခံ ၃ ဖြစ်တဲ့ မအယ်နီ(ခ)မရိုစီကို စတင်စစ်ဆေးတော့မှာ ဖြစ်တယ်လို့ တရားလို ရှေ့နေက ဒီကနေ့ ရုံးချိန်းမှာ ပြောပါတယ်။ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ကိုအောင်ကိုကို၊ သူ့ရဲ့ ဇနီးဖြစ်သူ မအယ်နီ(ခ)မရိုစီနဲ့ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့ ကိုပြည့်သူနိုင်(ခ)ဘုရားပွဲ (ခ)ကိုဖြိုးသော်တို့ကို တရားရုံးအမှတ် ၁၂၆ ၊ ၁၂၇ ရာဇသတ်ကြီးပုဒ်မတွေ ဖြစ်တဲ့ ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၄၊ ပုဒ်မ ၂၀၁ နဲ့ ပုဒ်မ ၂၀၂ တို့နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
3 years Ago
Up