အယ်ဂျီးနား ဗလီတလုံး

March 17, 2017

အယ်ဂျီးနား ဗလီတလုံး လေကြောင်း ပစ်ခတ်ခံရမှုကြောင့် ၄၂ ဦး သေဆုံး (ရုပ်သံ)

မတ်လ ၁၆ ရက်နေ့က ဆီးရီးယားသူပုန်တွေ သိမ်းပိုက်ထားတဲ့ အယ်ဂျီးနားမြို့က ဗလီတခုကို လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၄၂ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဆောက်အအုံ အပျက်အစီးတွေကြား ရှာဖွေမှုတွေ ပြုလုပ်နေတဲ့ ကယ်ဆယ်ရေး အဖွဲ့သားတွေကိုလည်း တွေ့မြင်ရပါတယ်။ အယ်ဂျီးနားရွာဟာ ဆီးရီးယားသူပုန်တွေ သိမ်းပိုက်ထားတဲ့ အဓိကနယ်မြေတွေထဲက တခုဖြစ်တဲ့ အလက်ပိုခရိုင်နဲ့ အိဒလစ်ခရိုင် အနောက်မြောက်ဘက်တို့မှာ ဆက်စပ်တည်ရှိပါတယ်။ စစ်ကာလအတွင်းမှာလည်း ရုရှားနဲ့ ဆီးရီးယားတပ်တွေက အိဒလစ်ခရိုင်နဲ့ အလက်ပိုခရိုင်အတွင်းမှာ အကြိမ်များစွာ လေတပ်ကနေ ထိုးစစ်ဆင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကအထိ အယ်ခေဒါအဖွဲ့နဲ့ တွဲဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်သွေးကြွ ဂျဟားဒစ် အဖွဲ့တွေကို အမေရိကန်စစ်တပ်ကလည်း အဲဒီဒေသအတွင်း အခုလပိုင်းတွေမှာ ထိုးစစ်ဆင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up