အယ်ကာဆာ

August 30, 2018

ဘာစီလိုနာတိုက်စစ်မှူး အယ်ကာဆာ ဒေါ့မွန်သို့ အငှားဖြင့်ပြောင်းရွှေ့

ဘာစီလိုနာတိုက်စစ်မှူး အယ်ကာဆာဟာ ဒေါ့မွန်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။ စပိန်တိုက်စစ်မှူး အယ်ကာဆာဟာ ဘာစီလိုနာအသင်းမှာ ၂ နှစ်ကြာ ကစားခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒေါ့မွန်အသင်းအနေနဲ့ အယ်ကာဆာအတွက် တနှစ်လုပ်ခ ပေါင် ၁ ဒသမ ၈ သန်းကိုပဲ ပေးချေရမှာဖြစ်ပြီး ရာသီအကုန်မှာ ပေါင် ၂၅ သန်းလောက်နဲ့ အပြီးသတ်ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်ရှိ စပိန်တိုက်စစ်မှူး အယ်ကာဆာဟာ ၂၀၁၆ ခုနှစ်က ဗလင်စီယာကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ဘာစီလိုနာနဲ့ ၂ ရာသီအတွင်း စုစုပေါင်း ပွဲ ၅၀ ကစားခဲ့ပြီး ၁၅ ဂိုး သွင်းယူခဲ့ပါတယ်။
3 years Ago
Up