အယူခံအမှု

A d v e r t i s e m e n t With Us

June 8, 2020

ဥရောပပြိုင်ပွဲ ပိတ်ပင်ခံထားရသည့် မန်စီးတီးအသင်း၏ အယူခံအမှု ၃ ရက်ကြာ စစ်ဆေးမည်

မန်စီးတီးအသင်းရဲ့ ဥရောပဝင်ခွင့် ပိတ်ပင်ခံထားရတဲ့အပေါ် အယူခံဝင်မှုကို  ၃ ရက်ကြာ စတင် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။  မန်စီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲ ၂ နှစ်ပိတ်ပင်ခံထားရပြီး ဒဏ်ငွေ ယူရိုသန်း ၃၀ ဆိုင်းငံ့ ပြစ်ဒဏ်လည်း ချမှတ်ခံထားရတာပါ။  ဇွန် ၈ ရက်ကနေ ၁၀ ရက်နေ့အထိ အားကစားခုံရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံမှာ အယူခံအမှုကို စစ်ဆေးသွားမှာဖြစ်ပါတယ်။  မန်စီးတီးအသင်းကို ပိုင်ဆိုင်တဲ့ အဘူဒါဘီယူနိုက်တက် အုပ်စုဟာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အတွင်း ငွေကြေးများစွာ အသုံးပြုခဲ့တာကြောင့် ဘဏ္ဍာရေးစည်းမျဉ်းက ကန့်သတ်ထားတဲ့ပမာဏထက် ကျော်လွန်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။  မန်စီးတီးအသင်းအနေနဲ့ အယူခံဝင်မှု မအောင်မြင်ခဲ့ရင်တော့ လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာမဟုတ်သလို ၂၀၂၁-၂၀၂၂ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဆက်လက်လွဲချော်မှာ ဖြစ်ပါတယ်။
9 months Ago
Up