အယူခံတင်သွင်းမှု

May 20, 2020

မန်စီးတီးအသင်း၏ အယူခံတင်သွင်းမှု ဇွန်လဆန်းတွင် ကြားနာမည်

ချန်ပီယံလိဂ်ပြိုင်ပွဲ ၂ နှစ် ပိတ်ပင်ခံထားရတဲ့အပေါ် မန်စီးတီးအသင်းရဲ့ အယူခံဝင်မှုကို လာမယ့် ဇွန်လ ၈ ရက်မှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်က ကန့်သတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ဖောက်ဖျက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ချန်ပီယံလိဂ် ၂ နှစ် ကစားခွင့် ပိတ်ပင်ခံခဲ့ရတာပါ။  ဒါ့အပြင် ဒဏ်ကြေးအဖြစ် ယူရိုသန်း ၃၀ ပေးဆောင်ဖို့လည်း အမိန့်ချခဲ့တာပါ။ အဲဒီပြစ်ဒဏ်တွေကို အားကစားဆိုင်ရာ ခုံသမာဓိရုံးကို အယူခံတင်ထားတာဖြစ်ပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်ဖို့ မန်စီးတီးအသင်းက မျှော်လင့်ထားပါတယ်။ မန်စီးတီးအသင်းရဲ့ အယူခံမအောင်မြင်ခဲ့ဘူး ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်တဲ့အသင်းဟာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရှိမှာ ဖြစ်ပါတယ်။  မန်စီးတီးအသင်းဟာ အသင်းရဲ့ဝင်ငွေရလမ်းဖြစ်တဲ့ စပွန်ဆာစာချုပ်တွေကို အသင်းပိုင်ရှင်က တဖက်လှည့်နဲ့ ပံ့ပိုးကူညီခဲ့ပြီး ဘဏ္ဍာရေးစည်းမျဉ်းထက်ပိုပြီး ငွေကြေးအသုံးပြုခဲ့လို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
11 months Ago
Up