အယူခံ

A d v e r t i s e m e n t With Us

May 3, 2020

ချန်ပီယံလိဂ်ကစားခွင့် အယူခံမအောင်မြင်ပါက အသင်းကထွက်နိုင်ဟု ဒီဘရိုင်းပြော

ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်မှုအယူခံ မအောင်မြင်ရင် အသင်းက ထွက်ခွာနိုင်တယ်လို့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပြောပါတယ်။  မန်စီးအသင်းဟာ ဥရောဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ဥရောပချန်ပီ ယံလိဂ်ပြိုင်ပွဲကစားခွင့် ၂ နှစ် ပိတ်ပင်ခံထားရတာပါ။ အဲဒီပြစ်ဒဏ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အယူခံဝင်ထားပေမယ့် အကြောင်းမထူးသေးပါဘူး။ ဒီဘရိုင်းကတော့ အခြေအနေကို စောင့်ကြည့်နေပြီး ၂ နှစ် ပိတ်ပင်မှု အတည်ဖြစ်သွားရင်တော့ အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားရတော့မယ်လို့ ပြောပါတယ်။  ၂ နှစ်ဆိုတဲ့ အချိန်ကာလက ရှည်လျားတာကြောင့် အနာဂတ်နဲ့ ပတ်သက်ပြီး ဘာဖြစ်လာမလဲဆိုတာ မသိနိုင်သေးသလို စာချုပ်သက်တမ်းတိုးဖို့ကိစ္စလည်း မဆွေးနွေးရသေးတာကြောင့် ရာသီကုန်ဆုံးချိန်ရောက်မှ ဆုံးဖြတ်သွားရမယ်လို့ ဒီဘရိုင်းက ပြောပါတယ်။  အသက် ၂၈ နှစ်ရှိ ဒီဘရိုင်းဟာ ဂိုဖန်တီးမှု ၁၆ ကြိမ်ပြုလုပ်ထားပြီး ပရီးမီးယားလိဂ်မှာ အများဆုံးဖြစ်ပါတယ်။ 
10 months Ago

December 28, 2019

လိင်ကျေးကျွန်ဟောင်းများ အယူခံ တောင်ကိုရီးယား ပယ်ချ

ဂျပန်နဲ့ သဘောတူညီချက် ပြုလုပ်မယ့် တောင်ကိုရီးယား လိင်ကျေးကျွန်ဟောင်းတွေရဲ့ အယူခံကို တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံးက ဒီဇင်ဘာလ ၂၇ ရက်မှာ ပယ်ချလိုက်ပါတယ်။      လိင်ကျေးကျွန် ဆိုတဲ့ ဝေါဟာရဟာ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့ အုပ်ချုပ်တုန်းက  ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခိုင်းစေခံရတဲ့ ကိုရီးယားအမျိုးသမီး အများအပြားကို ရည်ညွှန်းခေါ်ဆိုတာ ဖြစ်ပါတယ်။ ၂၀၁၅  ခုနှစ်  သဘောတူညီချက်အရ ဂျပန်အစိုးရဟာ ‌တောင်ကိုရီးယား လိင်ကျေးကျွန်ဟောင်းတွေကို တရားဝင် တောင်းပန်ခဲ့ပြီး သူတို့ကို ကူညီဖို့ ရန်ပုံတွေ ဂျပန်ယန်း ၁ ဘီလီယံ ပေးအပ်ခဲ့ပါတယ်။ နှစ်နိုင်ငံစလုံး တာဝန်တွေကို ဖြည့်ဆည်းနိုင်မယ်ဆိုရင်  ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယားအစိုးရတို့က သဘောတူထားကြတာပါ။ တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံး ဥက္ကဋ္ဌကတော့ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ဟာ နိုင်ငံရေးသဘောတူညီချက် ဖြစ်ပြီး အစိုးရတွေအနေနဲ့ ဥပဒေကြောင်းအရ တာဝန်မရှိဘူးလို့ ပြောခဲ့ပါတယ်။ တောင်ကိုရီးယား လိင်ကျေးကျွန်ဟောင်းတွေရဲ့ရှေ့နေ ရီဒေါင်ဂျွန်းကတော့ နစ်နာသူတွေရဲ့ နာကျင်မှုကို မဖြေဖျောက်ပေးတဲ့ တရားရုံး ဆုံးဖြတ်ချက်ကို  စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။
1 year Ago
Up