အယုဒ္ဓယက ဆင်များ ထိုင်းဘုရင်ကြီးကို လာရောက်ဂါရ၀ပြု (ရုပ်သံ)

A d v e r t i s e m e n t With Us

November 8, 2016

အယုဒ္ဓယက ဆင်များ ထိုင်းဘုရင်ကြီးကို လာရောက်ဂါရ၀ပြု (ရုပ်သံ)

ထိုင်းနိုင်ငံမှာ ဆင်ကောင်ရေ တဒါဇင်လောက်နဲ့ ဆင်ထိန်း အယောက် ၂၀၀ လောက်ဟာ နတ်ရွာစံဘုရင် ဘူမိဘော အဒူလျာဒက်ကို ဒီနေ့ လာရောက် ဂါရဝပြု ခဲ့ပါတယ်။ ရှေးဟောင်းမြို့ အယုဒ္ဓယကနေ မြို့တော် ဘန်ကောက်က နန်းတော်ဆီ လာရောက် ဂါရဝပြုတာ ဖြစ်ပါတယ်။ နန်းတော် တံခါးရှေ့မှာ ဦးညွတ်ဂါရဝပြုပြီး ၁ မိနစ် ငြိမ်သက်ခဲ့ကြတာပါ။ အယုဒ္ဓယ ဆင်နန်းတော်ရှင်က ဒီကန်တော့ပွဲကို ဦးဆောင်တာပါ။ ရိုးရာ ဈာပနမှာ ပါဝင်ဖို့ လေ့ကျင့်ရတာဟာ ဒီခေတ်သစ်မှာ ဆင်တွေအတွက် အခက်ဆုံး သင်တန်းတွေထဲက တခုပဲလို့လည်း သူက ပြောပါတယ်။ ဒီပွဲအတွက် ဆင်နဲ့ ဆင်ထိန်းတွေ သီတင်းပတ် ၃ ပတ်ကြာအောင် လေ့ကျင့်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဆင်တွေဟာ လူတွေ အများကြီး သူတို့ကို ဝိုင်းထားပေမယ့် အင်မတန် တည်ငြိမ်နေအောင် ထိန်းနိုင်ခဲ့တယ်၊ ပွဲကိုလည်း အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ သက်တော် ၈၈ နှစ်အရွယ် အောက်တိုဘာ ၁၃ ရက်မှာ နတ်ရွာစံခဲ့တဲ့ ထိုင်းဘုရင် ဘူမိဘောဟာ ကမ္ဘာ့နန်းသက် အရှည်ဆုံးဘုရင်လည်း ဖြစ်ပါတယ်။ ထိုင်းစစ်အစိုးရက တရားဝင် ဝမ်းနည်းခြင်း ကာလ ၁ နှစ်လို့ ကြေညာထားပြီး ပျော်ပွဲရွှင်ပွဲ အားလုံး ဈာပန ရက် ၃၀ ကာလ နောက်ပိုင်းကို ရွှေ့ဆိုင်းထားဖို့ ဆော်သြခဲ့ပါတယ်။
4 years Ago
Up