ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်က ကျောင်းတကျောင်းမှာ ခရစ္စမတ်နေ့ကို ဒီဇင်ဘာ ၂၃ ရက်က ကျင်းပခဲ့ပြီး ဆင်တွေက ခရစ္စမတ် ဖိုးဖိုးဦးထုပ်နဲ့ ပါးစပ်နှာခေါင်းစည်း ဝတ်ပြီး မူလတန်း ကျောင်းသားတွေကို နှာခေါင်းစည်းတွေ ဝေပေးခဲ့ပါတယ်။
ဆင်ဦးစီး လေးယောက်က ခရစ္ဏမတ် ဖိုးဖိုးလို ဝတ်ဆင်ပြီး ခရစ္ဏမတ် ဦးထုပ်တွေ ဆောင်း ထားတဲ့ ဆင်တွေနဲ့အတူ ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းသတိထားမိအောင် လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ခင် နှစ်တွေက ဒီဆင်တွေနဲ့ ဆင်ဦးစီးတွေဟာ ခရစ္ဏမတ်အကြို လှုပ်ရှားမှုအနေနဲ့ သကြားလုံးတွေကစလို့ ခရစ္စမတ် လက်ဆောင်ပစ္စည်းတွေကို ကျောင်းပတ်လည်မှာ လိုက်ဝေလေ့ ရှိပါတယ်။
ဒီနှစ်မှာတော့ ကျောင်းပေါက်ဝထဲကို အလာမခံတာကြောင့် ဝမ်းနည်းတယ်လို့ ၁၂ နှစ်အရွယ် ကျောင်းသားတယောက်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၂၃ ရက်က တရက်တည်းမှာ မတူတဲ့ ခရိုင်တွေကနေ ပြည်တွင်းကူးစက်ခံ ၃၉ ယောက်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး နိုင်ငံခြားပြန် ကူးစက်ခံတွေနဲ့ ပေါင်းရင် စုစုပေါင်း ကူးစက်ခံအသစ် ၄၆ ယောက်ကို စစ်ဆေးတွေ့ရှိထားပါတယ်။
2 months Ago