အမှိုက်ကား

February 8, 2019

ဗီယက်နမ်ထုတ် သုံးဘီးအမှိုက်ကား ၉၉စီး ဝယ်ယူမည်

ရန်ကုန်မြို့က အမှိုက်သိမ်းကား မဝင်နိုင်တဲ့ နေရာတွေမှာ အသုံးပြုဖို့ ဗီယက်နမ်နိုင်ငံထုတ် သုံးဘီးအမှိုက်သိမ်းယာဉ် ၉၉ စီး ဝယ်ယူဖို့ ယာထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဖေဖော်ဝါရီ ၈ ရက်က ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်း ဥပဒေနောက်ဆက်တွဲ ၂ မှာထည့်သွင်းပြောင်းလဲ ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေအပေါ် ပြန်လည် ဆွေးနွေးရာမှာ အခုလို ထည့်သွင်းပြောသွားတာပါ။ ရန်ကုန်စည်ပင်နယ်နမိတ်ထဲက အမှိုက်သိမ်းကား မဝင်နိုင်တဲ့ လမ်းတွေမှာ အသုံးပြုဖို့ တမြို့နယ်ကို ၃ စီးနှုန်းနဲ့  ၉၉ စီးကို ဝယ်ယူဖို့   ယာထားတယ်လို့  ဝန်ကြီးက ပြောပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက “၂၀၁၈-၁၉ RE ဘတ်ဂျက်မှာ အမှိုက်သိမ်းယာဉ်တွေ ဝယ်ယူဖို့ကို ယာထားပါတယ်။ ထပ်မံလိုအပ်တဲ့ အမှိုက်သိမ်းကားတွေ ဝယ်ယူဖို့ကိုတော့ ၂၀၁၉-၂၀ ဘတ်ဂျက်မှာ ထည့်သွင်းသွားဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၆ ရက်က လွှတ်တော်မှာ မရမ်းကုန်းမြို့ နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ရန်ကုန်မြို့အတွက် အမှိုက်သိမ်းကားတွေ ထပ်မံဖြည့်ဆည်းဖို့ ဆွေးနွေးခဲ့တာပါ။
2 years Ago
Up