အမှုဖွင့်

A d v e r t i s e m e n t With Us

June 8, 2019

ပေါက်​မြို့နယ် ​အုပ်​ချုပ်​​​ရေးမှူး၊ ရဲတပ်​ဖွဲ့မှူး အပါဝင်​ ၄ ဦးကို အမှုဖွင့်

မ​ကွေးတိုင်း​ဒေသကြီး ​ပေါက်​မြို့နယ်​မှာ ​ရေနံလက်​ယက်​တွင်းတိမ်​လုပ်​ငန်းမှ ​ကောက်​ခံရရှိတဲ့ ​ဒေသဖွံ့ဖြိုး​ရေး ရန်​ပုံ​ငွေ အလွဲသုံးစားပြုမှုအတွက်​ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊ မြို့နယ်​ရဲတပ်​ဖွဲ့မှူးအပါဝင်​ ၄ ဦးကို အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး ဥပ​ဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့်​အ​ရေးယူထားတယ်​လို့ ပေါက်​မြို့မရဲစခန်းက ပြောပါတယ်။ “ပေါက်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​စွာအုန်း၊ မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူး​ဇော်​ဝင်း​ရွှေ၊ ပခုက္ကူခရိုင်​ CID တာဝန်​ခံ ရဲအုပ်​ သန်း​ဇော်​၊ သရက်​ကန်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦး​ဇော်​မင်းဦးတို့ ကို ဇွန်​လ ၇ ရက်​​က အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး ဥပ​ဒေနဲ့ အမှုဖွင့်​ထားတာပါ။ သရက်​ကန်​​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးက​တော့ တရားရုံးအမှုနဲ့ အရင်​ကတည်းက ဖမ်းဆီးထားတာဖြစ်​ပြီး၊ မြို့နယ်​ရဲတပ်​ဖွဲ့မှူးနဲ့၊ ခရိုင်​ CID တာဝန်​ခံကို​တော့ လတ်​တ​လော ဖမ်းဆီးရမိခြင်း မရှိ​သေးပါဘူး” လို့ ပေါက်​မြို့မရဲစခန်းမှ ရဲအရာရှိတ​ဦးက ဒီဗွီဘီကို​ပြောပါတယ်​။ သရက်​ကန်​​ကျေးရွာ ​ဒေသခံတ​ဦးဖြစ်​တဲ့ ဦးဝင်း​ရွှေက “ရေနံစိမ်း ဆီ​ဘောက်​ဆာထွက်​​ကြေး ​ကောက်​ခံရရှိတဲ့ ​ငွေ​တွေကို သုံးပစ်​တာပါ။ ကျေးရွာဖွံဖြိုး​ရေးအတွက်​ ​ရေနံသမား​တွေဆီက ​ကောက်​ခံထားတဲ့ ရန်​ပုံ​ငွေ​တွေပါ။ ကျေးရွာ အုပ်​ချုပ်​​ရေးမှူး​ဟောင်း ဦး​ဇော်​မင်းဦးနဲ့ ညီအစ်​ကို​ တော်​စပ်​သူ ​ဇော်​ဖုန်းမိုးတို့ကို အမှုဖွင့်​ထားတာပါ” လို့ဆိုပါတယ်​။ သရက်​ကန်​​ကျေးရွာ​ဒေသခံ ဦးမင်းနိုင်​က “ပေါက်​မြို့နယ်​ဘက်​မှာရှိတဲ့ ​ရေနံ​မှော်​​တွေက တရားမဝင်​ပါဘူး။ မင်းဘူးတို့၊ မင်းလှတို့ဘက်​က ​ရေနံ​မျှော​တွေနဲ့ သယ်​ယူပို့​ဆောင်​​နေတာ ဖြစ်​တဲ့အတွက်​ ဒေသဖွံ့ဖြိုး​ရေး ရန်​ပုံ​ငွေအ​နေနဲ့ ဆီ​ဘောက်​ဆာ တစည်ကို ၇၀၀၀၀ ကျပ်​က​နေ ၁ သိန်းကျပ်​ထိ ​ကောက်​ခံထားတာပါ။ သရက်​ကန်​ရွာဘက်​က​ရေနံစိမ်း​တွေကို​တော့ တစ်​​ပေပါကို ၅ ​ထောင်​ကျပ်​စီ ​ကောက်​ခံပါတယ်​။ ကျေးရွာဖြွံ့ဖိုး​ရေးအတွက်​ကို ၃၀၀၀ ကျပ်​၊ အုပ်​ချုပ်​​ရေးပိုင်း အတွက်​ ၂၀၀၀ ကျပ်​​ကောက်​ခံကြတာပါ။ ဘဏ်​မှာအပ်​ထားတဲ့ ကျပ်​သိန်း ၅၀၀ အပြင်​ စုစု​ပေါင်း သိန်းတထောင်​​ကျော်​ အလွဲသုံးစားမှုနဲ့တိုင်​ထားတာပါ။” လို့ ပြောပါတယ်။ ၂၀၁၈ ခုနှစ်​ စက်​တင်​ဘာ ၂၅ ရက်​​က ​အများပိုင်​​ငွေ အလွဲသုံးစားမှု ပုဒ်မ ၄၀၉ နဲ့ ​ဦး​ဇော်​မင်းဦး စာရင်းကိုင်​​ဇော်​ဖုန်းမိုးတို့ နှစ်​ဦးကို အမှုဖွင့်​ထားပြီး အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး ​ကော်​မရှင်​ကိုပါ တိုင်​ကြားခဲ့တာပါ။ ဒေသခံ​တွေအ​နေနဲ့ ​ကျောင်း​ဆောက်​လုပ်​ဖို့ စုထားတဲ့​ငွေ​တွေကို ပြန်​လိုချင်​ပြီး အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး ​ကော်​မရှင်​အ​နေနဲ့ မှန်​မှန်​ကန်​ကန်​ အ​ရေးယူ​ပေးလိမ့်​မယ်​လို့ ယုံကြည်​တယ်​လို့ ​ပြောပါတယ်​။ ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ ​ပေါက်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​စွာအုန်း၊ မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူး​ဇော်​ဝင်း​ရွှေ၊ ပခုက္ကူခရိုင်​ CID တာဝန်​ခံ ရဲအုပ်​သန်း​ဇော်​၊ သရက်​ကန်​ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး​ဟောင်း ဦး​ဇော်​မင်းဦးတို့ကို ​ပေါက်​မြို့မရဲစခန်းမှာ အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး ဥပ​ဒေပုဒ်မ ၅၆ နဲ့အမှုဖွင့်​ထားတယ်​လို့ သိရပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီးအတွင်းမှာ တရားဝင်​ ​ရေနံလုပ်​ကွက်​​ပေါင်း ၃၁ ကွက်​ရှိပြီး လက်​ရှိ အစိုးရသက်​တမ်း သုံးနှစ်​တာကာလအတွင်း တိုင်း​ဒေသကြီး ရန်​ပုံ​ငွေ ၁၂ ဘီလီယံ ​ကျော်​ ​ကောက်​ခံရရှိထားတယ်​လို့ သိရပါတယ်​။ သတင်း-မင်းထီး
2 years Ago
Up