အမှုထမ်း

November 20, 2020

နော်ဝေဘုရင့်နန်းတော် အမှုထမ်း ၁ ဦး ကိုဗစ်ကူးစက်ခံရ၊ ဘုရင်နှင့်မိဖုရား ကွာရန်တင်းဝင်

နော်ဝေဘုရင့်နန်းတော် အမှုထမ်းတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ခဲ့ပြီးနောက်  နိုဝင်ဘာ ၁၉ ရက်က ဘုရင်ဟာရောလ်နဲ့ မိဖုရားဆွန်ညားတို့နှစ်ယောက်စလုံး ကွာရန်တင်းဝင်ခဲ့တယ်လို့  ဘုရင့်နန်းတော်က ထုတ်ပြန်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အမှုထမ်းနဲ့ မိဖုရားဆွန်ညားတို့ အနီးကပ်ထိတွေ့မှု ရှိခဲ့တဲ့အတွက် ဘုရင်ဟာရောလ်က နေအိမ်မှာ ကွာရန်တင်းဝင်ခဲ့တယ်လို့ နန်းတော်က ဆိုပါတယ်။  သက်တော် ၈၀ အရွယ်ရှိကြတဲ့ နော်ဝေဘုရင်နဲ့ မိဖုရားတို့မှာ ရောဂါလက္ခဏာ မပြဘဲ ဘုရင်နန်းတော်အမှုထမ်း ၁၄ ယောက်ဟာလည်း ကွာရန်တင်း ဝင်နေတယ်လို့ နန်းတော်ထုတ်ပြန်ချက်က ဆိုပါတယ်။  ပြီးခဲ့တဲ့လတုန်းက ဘုရင်ဟာရောလ်ဟာ နှလုံးအဆို့ရှင် အစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။  နော်ဝေနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၁,၀၀၀ ကျော်၊ သေဆုံးသူ ၃၀၅ ယောက်နဲ့ ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆင့် ၉၀ မှာ ရှိတယ်လို့ Worldometer ဝက်ဆိုက်အရ သိရပါတယ်။   
5 months Ago

April 18, 2020

ပြင်သစ် လေယာဉ်တင်သင်္ဘောမှ အမှုထမ်း ထက်ဝက်ခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ပြင်သစ် လေယာဉ်တင် သင်္ဘော ချားလ်စ် ဒီဂေါပေါ်က  အမှုထမ်း ထက်ဝက်နီးပါးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ကာကွယ်ရေး ဝန်ကြိးက ဧပြီလ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။   စစ်ဆေးခဲ့တဲ့ အမှုထမ်း ၂,၀၁၀ မှာ ၁,၀၈၁ ယောက်က ပိုးတွေ့တယ်လို့  ကာကွယ်ရေးဝန်ကြီး ဖလော့စ်ပါလီက ပြောခဲ့တာပါ။   စုစုပေါင်း အမှုထမ်း ၅၄၅ ယောက်ဟာ ရောဂါလက္ခဏာပြခဲ့ပြီး ၂၄ ယောက်ကို ဆေးရုံတင်ခဲ့ရတယ်လို့ ကာကွယ်ရေး ဝန်ကြီး ပါလီက ထပ်လောင်း  ပြောခဲ့ပါတယ်။ ဗိုင်းရပ်စ်ဟာ မတ်လလယ်မတိုင်မီကတည်းက သင်္ဘောပေါ်မှာ ရှိနေခဲ့လားဆိုတာ ပြောလို့ မဖြစ်နိုင်ဘူးလို ပါလီက ပြောခဲ့ပါတယ်။ ချားလ်စ် ဒီဂေါလေယာဉ်တင် သင်္ဘောဟာ မတ်လလယ်တုန်းက  အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ဘဟတ်စ် ဆိပ်ကမ်းမှာ ခေတ္တရပ်နားခဲ့ပါတယ်။  အဲဒီလို ခေတ္တရပ်နားချိန်မှာ သင်္ဘာကပ္ပတိန်က မစ်ရှင်ကို ရပ်နားလိုတယ်ဆိုတဲ့  သတင်းတွေကိုတော့ ပါလီက မှားယွင်းတယ်လို့ ပြောခဲ့ပါတယ်။  လေယာဉ်တင် သင်္ဘောပေါ် ဗိုင်းရပ်စ်ရောက်ရှိလာစေတဲ့ ကွင်းဆက်ဖြစ်စဉ်တွေကို ကူးစက်ရောဂါ စုံစမ်းရေးအဖွဲ့က လေ့လာစုံစမ်းနေတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ပါလီက သတင်းစာရှင်းလင်းပွဲအတွင်း  ပြောခဲ့ပါတယ်။
12 months Ago
Up