အမှုဆောင်အရာရှိချုပ်အိမ်

October 5, 2020

မန်ယူ အမှုဆောင်အရာရှိချုပ်အိမ်ကို လုံခြုံရေးတိုးချရန် စီစဉ်

မန်ယူနိုက်တက်အသင်းဟာ အသင်းအမှုဆောင်အရာရှိချုပ် အက်ဝုဒ်ရဲ့ နေအိမ်ကို လုံခြံရေး တိုးမြှင့်ချထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။  အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားကောင်းတွေ ခေါ်ယူဖို့ ဆန္ဒရှိနေတဲ့ ယူနိုက်တက်အသင်း ပရိသတ်တွေဟာ အသင်းဘုတ်အဖွဲ့ကို မကျေမနပ်ဖြစ်နေကြတာပါ။ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကာလကလည်း ပရိသတ် ၂၀ လောက်က အက်ဝုဒ်ရဲ့ နေအိမ်ထဲကို မီးရှူးမီးပန်းတွေ၊ မီးခိုးဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ပြီး နေအိမ်ခြံဝင်းကိုလည်း မှုတ်ဆေးတွေ နဲ့ဖြန်းခဲ့ကြတာပါ။  လက်ရှိ အပြောင်းအရွှေ့ဈေးကွက်မှာလည်း ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ခြင်း မရှိလို့ အသင်းအမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝါ့ဒ်ရဲ့ နေအိမ်ကို ပြန်လည်တိုက်ခိုက်လာနိုင်တာကြောင့် လုံခြုံရေးတိုးမြှင့်ဖို့ အသင်းက စီစဉ်တာလို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ မနေ့က ပွဲစဉ်မှာလည်း စပါးကို အိမ်ကွင်းမှာ ၆ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး အသင်းနည်းပြနဲ့ ဘုတ်အဖွဲ့အပေါ်မှာ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။
7 months Ago
Up