အမှိုက်ကုန်သေတ္တာများ

September 20, 2019

အမှိုက်ကုန်သေတ္တာများ သြစတြေးလျသို့ ပြန်ပို့မည်ဟု အင်ဒိုနီးရှားပြော

အင်ဒိုနီးရှားဆိပ်ကမ်းမှာ သိမ်းဆည်းရမိတဲ့ အဆိပ်သင့် ဓာတုအမှိုက်တွေထည့်ထားတဲ့ ကုန်သေတ္တာ ၉ လုံးထက်မနည်းကို သြစတြေးလျနိုင်ငံဆီကို ပြန်ပို့သွားမယ်လို့ အင်ဒိုနီးရှား အကောက်ခွန်ဌာနက စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြောပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ပြည်တွင်း ကုမ္ပဏီသုံးခုက အနောက်နိုင်ငံတွေဆီကနေ တင်သွင်းလာတဲ့ အဆိပ်သင့် အမှိုက်ကုန်သေတ္တာ ၂၃ လုံးထက်မနည်း သိမ်းဆည်းရမိခဲ့တယ်လို့ အင်ဒိုနီးရှား အကောက်ခွန်နဲ့ သစ်တောဦးစီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ်နိုင်ငံက အမှိုက်တင်သွင်းမှုကို တားမြစ်လိုက်ပြီးတဲ့နောက်မှာ အနောက်နိုင်ငံ တော်တော်များများက အမှိုက်တွေဟာ အရှေ့တောင်အာရှနိုင်ငံတွေဆီကို ရောက်လာခဲ့ကြတာပါ။ အနောက်နိုင်ငံတွေက အမှိုက်တွေကို နေရပ်ပြန်ပို့တဲ့ အရှေ့တောင်အာရှနိုင်ငံများ စာရင်းထဲမှာ အင်ဒိုနီးရှားနိုင်ငံက ဇွန်လကစပြီး ပါဝင်ခဲ့ပါတယ်။ =========== အမႈိက္ကုန္ေသတၱာမ်ား ၾသစေၾတးလ်သို႔ ျပန္ပို႔မည္ဟု အင္ဒိုနီးရွားေျပာ DVB အင္ဒိုနီးရွားဆိပ္ကမ္းမွာ သိမ္းဆည္းရမိတဲ့ အဆိပ္သင့္ ဓာတုအမႈိက္ေတြထည့္ထားတဲ့ ကုန္ေသတၱာ ၉ လုံးထက္မနည္းကို ၾသစေၾတးလ်ႏိုင္ငံဆီကို ျပန္ပို႔သြားမယ္လို႔ အင္ဒိုနီးရွား အေကာက္ခြန္ဌာနက စက္တင္ဘာ ၁၈ ရက္ေန႔မွာ ေျပာပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ကတည္းက ျပည္တြင္း ကုမၸဏီသုံးခုက အေနာက္ႏိုင္ငံေတြဆီကေန တင္သြင္းလာတဲ့ အဆိပ္သင့္ အမႈိက္ကုန္ေသတၱာ ၂၃ လုံးထက္မနည္း သိမ္းဆည္းရမိခဲ့တယ္လို႔ အင္ဒိုနီးရွား အေကာက္ခြန္နဲ႔ သစ္ေတာဦးစီးဌာနက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံက အမႈိက္တင္သြင္းမႈကို တားျမစ္လိုက္ၿပီးတဲ့ေနာက္မွာ အေနာက္ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားက အမႈိက္ေတြဟာ အေရွ႕ေတာင္အာရွႏိုင္ငံေတြဆီကို ေရာက္လာခဲ့ၾကတာပါ။ အေနာက္ႏိုင္ငံေတြက အမႈိက္ေတြကို ေနရပ္ျပန္ပို႔တဲ့ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား စာရင္းထဲမွာ အင္ဒိုနီးရွားႏိုင္ငံက ဇြန္လကစၿပီး ပါဝင္ခဲ့ပါတယ္။
2 years Ago
Up