ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် အမှိုက်ပုံမဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးတာကို ပြသတဲ့အနေနဲ့ ဧဝရတ်တောင်ပေါ်က ကောက်ထားတဲ့ အမှိုက်တွေကို အနုပညာအဖြစ် ပြောင်းလဲပြီး အနီးဝန်းကျင်က ပြခန်းမှာ ပြသသွားတော့ မှာပါ။
အမြင့်ပေ ၂၉၀၃၂ ပေ မြင့်တဲ့ တောင်ထိပ်နဲ့ အနီးဝန်းကျင်မှာ တောင်တက်သမားတွေက သုံးပြီးသား အောက်ဆီဂျင်ဘူးတွေ ၊ ရွက်ဖျင်တဲစုတ်တွေ ၊ လှေကားပျက်တွေ ၊ စည်သွပ်ဘူးတွေနဲ့ ပလက်စတစ်အိတ်တွေကို စွန့်ပစ်ထားပါတယ်။
အမှိုက်ကနေ အနုပညာဖန်တီးမှုမှာ ပြည်တွင်း ပြည်ပ အနုပညာရှင်တွေ ပါဝင်မှာ ဖြစ်ပြိး ဒေသခံတွေကို အမှိုက်ကနေ ရွှေဖြစ်အောင် လုပ်တတ်ဖို့ သင်တန်းပေးသွားမယ်လို့ တွမ်မီဂပ်ဖ်တပ်ဆန် က ဆိုပါတယ်။
ဂပ်ဖ်တပ်ဆန်ဟာ ဧည့်သည်သတင်းပေးစင်တာ စာဂါမန်တာ Next Centre နဲ့ စွန့်ပစ်ပစ္စည်း ပြန်အသုံးပြုရေးလုပ်ငန်း ပရောဂျက်ဒါရိုက်တာနဲ့ ပူးတွဲတည်ထောင်သူ ဖြစ်ပါတယ်။
စင်တာဟာ ဧဝရတ်တောင်ခြေစခန်း မိန်းလမ်းမကြီးပေါ်က ဆီယန်ဘို့ရှ် အရပ် အမြင့်ပေ ၃,၇၅၀ မှာတည်ရှိပါတယ်။
"ဧဝရတ်တောင်ပေါ်က အမှိုက်တွေကို ကောက်ပြီး ပြခန်းမှာ ပြသတာက ထူးခြားတဲ့ စိတ်ကူးဖြစ်ပါတယ်။ ဒါက အမှိုက်စီမံခန့်ခွဲမှုကို ဖြစ်စေပြီး စင်တာကို လူငယ်တွေ လာကြည့်ဖို့ တွန်းအားပေးပါတယ်" လို့လည်း စီစဉ်သူက ပြောပါတယ်။
1 month Ago