အမှတ် ၃ ရပ်ကွက်

August 22, 2020

မင်းကင်း အမှတ် ၃ ရပ်ကွက်၌ ရေဝင်ရောက်နေ၍ မီးသတ်တပ်ဖွဲ့ ရွှေ့ပြောင်းပေးနေ (ဓာတ်ပုံ)

မင်းကင်းမြို့နယ် အမှတ် ၃ ရပ်ကွက် မြေနိမ့်ပိုင်းနေရာတွေမှာ ရေဝင်ရောက်နေတာကြောင့် နေအိမ်တွေကို မီးသတ်တပ်ဖွဲ့က ရွှေ့ပြောင်းပေးနေပါတယ်။ ဒီနေ့မနက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ မင်းကင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်နေတယ်လို့ သိရပါတယ်။ မင်းကင်းမြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေဟာ ရေဝင်ရောက်နေတဲ့ နေအိမ်တွေက ပစ္စည်းတွေကို ယွန်းကျောင်းဘုန်းတော်ကြီးကျောင်း၊ မင်းကျောင်းဘုန်းတော်ကြီးကျောင်းနဲ့ ပဇ္ဇောတာရုံဘုန်းတော်ကြီးကျောင်တွေကို ကူညီရွှေ့ပြောင်းပေးနေတယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။ အလားတူ ချင်းတွင်းမြစ်ရေဟာ နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်ထက် ရောက်ရှိနိုင်တာကြောင့် ချင်းတွင်းမြစ်ကမ်းဘေးနေသူတွေ အထူးသတိပြုနေထိုင်ကြဖို့ ကနီမြို့နယ် မီးသတ်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အသိပေးဆော်ဩနေတယ်လို့ ဆိုပါတယ်။ Photo : Myanmar Fire Services Department
1 year Ago
Up