အမှတ် (၁) ရဲစခန်း

August 9, 2021

မန္တလေး အမှတ် (၁) ရဲစခန်း လက်လုပ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊  ၁၉ လမ်း ၊ လမ်း ၆၀ နဲ့ ၆၁ လမ်းကြားရှိ အမှတ် (၁) ရဲစခန်းဝင်းထဲကို   ဩဂုတ် ၉ ရက် နေ့ လယ်ပိုင်းက လက်လုပ်ဗုံးနဲ့ပစ်ခံရတယ်လို့ သိရပါတယ်။

ဒီလိုပစ်ခံရပေမဲ့ လူထိခိုက်ဒဏ်ရာရတာ မရှိဘဲ အုတ်ခုံ အနည်းငယ် ထိခိုက်ပျက်စီးတာသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ရဲစခန်းဘက်က အုံးဆိုတဲ့ အသံကြားလိုက်တယ်။ အဲဒီနောက် တစ်ဆက်တည်းမှာပဲ သေနတ်သံတွေကြားရတယ်။ အဲဒီနား သွားမရဘူး ပိတ်ထားတယ်” လို့ နန်းရှေ့ရပ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

လက်လုပ်ဗုံးနဲ့ ပစ်ခံရတဲ့အတွက် စခန်းမှာ အသင့်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူး လို့ ကနဦး သိရပါတယ်။

4 months Ago
Up