အမှတ်လျှော့

February 16, 2020

မန်စီးတီးကို ပရီးမီးယားလိဂ်က အမှတ်လျှော့ ပြစ်ဒဏ်ချမှတ်ဖွယ်ရှိ

ဥရောပပြိုင်ပွဲ ၂ နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မန်စီးတီးကို ပရီးမီးယားလိဂ်ကလည်း အမှတ်လျှော့ ပြစ်ဒဏ်ချမှတ်ဖွယ် ရှိနေပါတယ်။  မန်စီးတီးအသင်းဟာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ ဥရောပဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် လာမယ့် ၂၀၂၁ နဲ့ ၂၀၂၂ ဥရောချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရတာပါ။  အင်ဒီပန့်ဒန့် သတင်းစာရဲ့ ဖော်ပြချက်အရတော့ ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ အရေးယူခဲ့တာတွေထဲက ကလပ်လိုင်စင်ကိစ္စဟာ ပရီးမီးယားလိဂ်နဲ့လည်း သက်ဆိုင်နေတာကြောင့် မန်စီးတီးအသင်းကို အမှတ်လျှော့ ပြစ်ဒဏ်ချမှတ်ဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။  မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်က အသင်းနဲ့ ၂၇ မှတ် ကွာဟနေတာပါ။ ဒီအခြေအနေကြောင့် အမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုရင်တောင် တန်းဆင်းသွားရဖို့တော့ မရှိကြောင်း အင်ဒီပန့်ဒန့် သတင်းစာက ဖော်ပြခဲ့ပါတယ်။
2 years Ago
Up