အမှတ်တရ

December 28, 2019

အာဇာနည်​ခေါင်း​ဆောင်ကြီး မန်းဘခိုင် အမှတ်တရ တိုက်နယ်ဆေးရုံသစ် ပန္နက်တင် အခမ်းအနား ကျင်းပ

အာဇာနည်​ခေါင်း​ဆောင်ကြီး မန်းဘခိုင်အမှတ်တရ တိုက်နယ်ဆေးရုံသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားနဲ့ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဟင်္သာတမြို့နယ် ယုန်သလင်း​ကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။ တိုက်နယ်​ဆေးရုံသစ်ဟာ ကိုယ်ထူကိုယ်ထ​စနစ်နဲ့ အများပြည်သူ ထည့်ဝင်​ငွေနဲ့ ပြုလုပ်မှာဖြစ်ပြီး ကွန်ကရစ်လမ်းသစ်ကလည်း အမျိုးသားလွှတ်​တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းရဲ့ မ,တည်​လှူဒါန်း​ငွေနဲ့ အတူ တည်​ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်နယ်​ဆေးရုံသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားကို အာဇာနည်​ခေါင်း​ဆောင်ကြီး မန်းဘခိုင်ရဲ့ ဇာတိ​ကျေးရွာဖြစ်တဲ့ ယုန်သလင်း​ကျေးရွာမှာပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်​နေ့ မနက် စတင်ကျင်းပခဲ့ပါတယ်။ ပန္နက်တင် အခမ်းအနားကို အမျိုးသားလွှတ်​တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ လူဝင်မှုကြီးကြပ်​ရေးနှင့် လူ့စွမ်းအားရင်းမြစ်ဌာနမှ ​ဒေါက်တာစိုးဝင်း၊ ကရင်တိုင်းရင်းသား​ရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ​ဆောက်လုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ​ဒေါက်တာမန်းမြင့်ဆိုင်နဲ့အတူ သက်ဆိုင်ရာဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေ တက်​ရောက်ခဲ့ကြပါတယ်။ တိုက်နယ်​ဆေးရုံကို ​စေတနာရှင်ပြည်သူတွေရဲ့ အလှူငွေတွေနဲ့ပဲ တည်​ဆောက်သွားမှာ ဖြစ်ပြီး ​ပန္နက်တင်မင်္ဂလာအပြီးမှာ ​အလှူရှင်တွေ အလှူ​ငွေ​ပေးအပ်တာနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ​ ပေးအပ်တာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ယုန်သလင်းတိုက်နယ်​ဆေးရုံသစ်ဟာ ဟင်္သာတမြို့ရဲ့ အ​နောက်​တောင်ဘက် ၁၄ မိုင်အကွာမှာ တည်ရှိပြီး ​ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာ​ပေါင်း ၉၇ ရွာအပြင် ဆက်စပ်အုပ်စု ၅ အုပ်စုနဲ့ ကျေးရွာ​ပေါင်း ၂၅ ရွာကိုလည်း အကျိုးပြု​စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယုန်သလင်းတိုက်နယ်ဟာ ၄၇ ဧရိယာစတုန်းမိုင် ကျယ်ဝန်းပြီး လူဦး​ရေ သိပ်သည်းနှုန်းဟာ ၁ စတုရန်းမိုင်လျှင် ၆၈၁ ဦးနှုန်း ရှိပါတယ်။ တိုက်နယ်ထဲမှာ ​ကျေးလက်ကျန်းမာ​ရေးဌာန ၁ ခုနဲ့ ​ကျေးလက်ကျန်းမာ​ရေးဌာနခွဲ ၅ ခုအထိ ရှိကာ လူဦး​ရေ ၃ ၂,၆၈၀ ဦးနဲ့ အိမ်​ထောင်စုဦး​ရေ ၇,၆၇၇ စု ရှိပါတယ်။ ယုန်သလင်း​​ကျေးရွာဟာ လက်ရှိမှာ​ ကျေးလက်ကျန်းမာ​ရေးဌာနရှိ​​ပြီး တိုက်နယ်​ဆေးရုံ အဆင့်အဖြစ် ​မြေဧက ၅ ဒသမ ၀၄ ဧက အကျယ်အဝန်း​ပေါ်မှာ ​ဆေးရုံတည်​ဆောက်မှာ ဖြစ်ပါတယ်။ ​ တိုက်နယ်ဆေးရုံသစ် ပန္နက်တင်အခမ်းအနားပွဲအပြီးမှာ အမျိုးသားလွှတ်​​တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းဟာ ယုန်သလင်း​ကျေးရွာ ရွာလယ်လမ်းမကြီးနဲ့ ​ကျေးလက်ကျန်းမာ​ရေးဌာ နတို့ကို ဆက်သွယ်​ဖောက်လုပ်ထားတဲ့ ကွန်ကရစ်လမ်းသစ်ကိုလည်း ဖွင့်လှစ်​ပေးခဲ့ပါတယ်။  အဲဒီကွန်ကရစ်လမ်းသစ်က​​တော့ အကျယ် ၉ ​ပေ အရှည် ၉၀၀ ​ပေခန့်ရှည်လျားပြီး ကျပ်သိန်း ၇၀ ကုန်ကျဖြစ်ပြီး ဦးမန်းဝင်းခိုင်သန်းက ကျပ်သိန်း ၆၀ နဲ့ ဦးမန်းသိန်းခိုင်သန်းက ၁၀ သိန်းကျပ် အကုန်အကျခံ လှူဒါန်း​ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ​ဌေးလှိုင်
2 years Ago
Up