အမှားပြင်ဆင်ချက်

August 15, 2018

အမှားပြင်ဆင်ချက်

“ဟင်္သာတတွင် ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ ၅ ဦး တရားစွဲခံရ” ခေါင်းစဉ်နဲ့ သြဂုတ် ၁၄ ရက်က ထုတ်ခဲ့တဲ့သတင်းနဲ့ ပတ်သက်ပြီး အမှားပြင်ဆင်ချက် ထုတ်ပြန်အပ်ပါတယ်။ “ကရင်အာဇာနည်နေ့ အခမ်းအနားကို တားမြစ်တဲ့ကြားက ဆက်လက်ကျင်းပခဲ့လို့ ဦးဆောင်တဲ့ ကရင်ပြည်သူ့ပါတီက ဦးကျော်ကြီး၊ ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှု ဆောင် ပဒိုမန်းငြိမ်းမောင် အပါအဝင် ၅ ဦးကို ဟင်္သာတမြို့နယ် ရဲစခန်းက တရားစွဲဆို လိုက်ပါတယ်။” လို့ ရေးသားချက်အစား “ကရင်အာဇာနည်နေ့ အခမ်းအနားကို တားမြစ်တဲ့ ကြားက ဆက်လက်ကျင်းပခဲ့လို့ ဦးဆောင်တဲ့ ကရင်ပြည်သူ့ပါတီက ဦးကျော်ကြီး၊ ကရင်အမျိုးသား အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင် အပါအဝင် ၅ ဦးကို မြို့နယ်ရုံးက တရားစွဲဆိုမယ်လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။”လို့ ပြင်ဆင်ဖတ်ရှုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။
3 years Ago
Up