အမှားအယွင်းများနေတဲ့ မဲစာရင်း

A d v e r t i s e m e n t With Us

September 21, 2015

အမှားအယွင်းများနေတဲ့ မဲစာရင်းကိစ္စ အန်အယ်လ်ဒီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

အမှားအယွင်းများနေတဲ့ မဲစာရင်းကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မှာ မီဒီယာတွေကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့က  မဲစာရင်း၊ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်ရေးစတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်တို့ က ဒီကနေ့ မွန်းလွဲပိုင်းမှာ စမ်းချောင်းမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က "မဲစာရင်းတွေ မှားတာ မပါတာတွေ များလာရင် မဲပေးတဲ့သူတွေ ကိုယ်ပေးချင်တာကို မဲမပေးရရင် ဆူပူမှုဖြစ်လိမ့်မယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဓာတ်ပုံ - အောင်သူ၊ ကိုမောင်  
5 years Ago
Up