အမြဲရှင်သန်

November 27, 2020

မာရာဒိုနာ၏ စိတ်ဓာတ်နှင့် အောင်မြင်မှုများ အမြဲရှင်သန်နေမည်ဟု ဂတ်တူဆို ပြော

မာရာဒိုနာရဲ့ စိတ်ဓာတ်နဲ့ အောင်မြင်မှုတွေက ဘယ်တော့မှာ သေဆုံးသွားမှာ မဟုတ်ဘဲ အမြဲတမ်းရှင်သန်နေမယ်လို့ နာပိုလီနည်းပြ ဂတ်တူဆိုက ပြောပါတယ်။  နာပိုလီဂန္တဝင်ကစားသမားဟောင်းဖြစ်တဲ့ မာရာဒိုနာဟာ နိုဝင်ဘာ ၂၅ရက်က နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့တာပါ။  ဒီနေ့မ နက်ပိုင်းက ခရိုအေးရှားကလပ် ရီဂျီကာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ယူရိုပါလိဂ် ပွဲမစတင်ခင်မှာ နာပိုလီကစားသမားတွေက မာရာဒိုနာရဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ခဲ့ပြီး မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်မိနစ်ငြိမ်သက်ပေးခဲ့ကြပါတယ်။  ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ မာရာဒိုနာ သေဆုံးသွားခဲ့ပေမဲ့ သူ့ရဲ့တိုက်ပွဲဝင် စိတ်ဓာတ်က အမြဲတမ်းရှင်သန်နေမှာဖြစ်ပြီး ပုဂ္ဂိုလ်ရေးပိုင်းမှာ အမှားတချို့ရှိခဲ့ပေမဲ့ သူ့ရဲ့ မြက်ခင်းပြင်ပေါ်က စွမ်းဆောင်မှုတွေကလည်း အမြဲတမ်း ရှင်သန်နေမယ်လို့ နာပိုလီ နည်းပြ ဂတ်တူဆိုက ပြောပါတယ်။  ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ်မှာ ပရိသတ်တွေ ဝင်ရောက်ကြည့်ရူခွင့်မရခဲ့ပေမဲ့ ကွင်းအပြင် ဘက်မှာတော့ မာရာဒိုနာရဲ့ အမည်ကို အော်ဟစ်ပြီး ပရိသတ်တွေရောက်ရှိလာခဲ့ကြပါတယ်။
5 months Ago
Up