အမြောက်ကျည်

A d v e r t i s e m e n t With Us

October 28, 2020

အဇာဘိုင်ဂျန် ရွာတရွာပေါ် အမြောက်ကျည်ကျသဖြင့် လူ ၄ ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

အဇာဘိုင်ဂျန်နိုင်ငံ ဘာဒါခရိုင်အတွင်းရှိ ရွာတစ်ရွာကို အောက်တိုဘာ ၂၇ ရက်က အမြောက်ကျည် ကျခဲ့တာကြောင့် လူ ၄ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ အဇာဘိုင်ဂျန် အရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။ နာဂေါ်နို-ခါရာဘတ်ခ်ဒေသမှာ အာမေးနီးယား၊ အဇာဘိုင်ဂျန်တို့ တိုက်ပွဲတွေ ဖြစ်နေတာ ဒုတိယလထဲ ရောက်လာပြီး ကျယ်ပြန့်လာတဲ့စစ်ကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက တားဆီးချင်နေကြပါတယ်။ ဒီစစ်ပွဲထဲ အဇာဘိုင်ဂျန်ကို အခိုင်အမာ ထောက်ခံတယ်လို့ ပြောဆိုတဲ့ တူရကီနဲ့ အာမေးနီးယားနဲ့ ကာကွယ်ရေးသဘောတူစာချုပ် ချုပ်ထားတဲ့ ရုရှားတို့ ဝင်လာနိုင်ပါတယ်။  အဇာဘိုင်ဂျန်က ရေနံနဲ့ ဓာတ်ငွေ့တွေကို နိုင်ငံတကာဈေးကွက်ဆီ ပို့ဆောင်တဲ့ ပိုက်လိုင်းတွေအနီးမှာ ဖြစ်နေတဲ့ ဒီပဋိပက္ခကြောင့် တူရကီနဲ့ နေတိုးအဖွဲ့ဝင်မဟာမိတ်တွေအကြား ဆက်ဆံရေး ထိခိုက်လာနေပါတယ်။ ရုရှား ကြားဝင်ဆောင်ရွက်တဲ့ ပထမအပစ်အခတ်ရပ်စဲရေးဟာ တကယ်တမ်း မြေပြင်မှာ သက်ရောက်မှု မရှိခဲ့ပါဘူး။ အဲဒီနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုနဲ့ အာမေးနီးယား၊ အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးတို့  ဝါရှင်တန်မှာ သီးခြားတွေ့ဆုံပြီး တတိယမြောက် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာ ၁၀ ရက်မှာ သဘောတူခဲ့ပါတယ်။
3 months Ago
Up