အမြီးတွင် ကြိုးငြိနေသည့် ငါးမန်း

June 27, 2020

အမြီးတွင် ကြိုးငြိနေသည့် ငါးမန်းကို ထိုင်းရေငုပ်သမားများ ကယ်တင် (ရုပ်သံ)

အမြီးမှာကြိုးတခုနဲ့ ငြမိနေတဲ့ ငါးမန်းတစ်ကောင်ကို ထိုင်းရေငုပ်သမားအဖွဲ့တခုက ကြိုးပမ်းကယ်ဆယ်ခဲ့ပါတယ်။  ဇွန် ၁၃ ရက်မှာ ထွက်ပေါ်လာတဲ့ ဗွီဒီယိုမှာ ရေထဲကူးခတ်နေတဲ့ ငါးမန်းတစ်ကောင်ရဲ့ အမြီးနားမှာ နိုင်လွန်ကြိုးတစ်ချောင်း ချည်မိနေတာကို တွေ့ခဲ့ရပါတယ်။  အပျော်တမ်းရေငုပ်သမားတစ်ဦးဖြစ်တဲ့ ဆာရာကွန်း ပိုကာပရန်ကာဟာ ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းက ဆေးလ်ရော့ခ်မှာ ပုံမှန်ရေငုပ်မှုပြုလုပ်နေရင်း ဒီငါးမန်းကိုတွေ့ခဲ့ရတာပါ။ အဲ့ဒီနောက်မှာတော့ ဆာရာကွန်းနဲ့အတူ ရှိနေတဲ့ ရေငုပ်သမားနှစ်ဦးထဲက တစ်ဦးဟာ ငါးမန်း ရဲ့ အမြီးကကြိုးကိုဖြတ်ပေးဖို့ကြိုးစားခဲ့ပြီး ဒီဖြစ်ရပ်ကို  ဆာရာကွန်းက ဗွီဒီယိုရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်။  ဒါပေမဲ့ ဓားဟာ သေးငယ်လွန်းတာကြောင့် ကြိုးကိုဖြတ်ဖို့ အဆင်မပြေခဲ့ဘဲ ငါးမန်းရဲ့အမြီးကိုတောင် ဓားထိသွားခဲ့တယ်လို့ ဆာရာကွန်းက ပြောပါတယ်။ ဒဏ်ရာ ရရှိသွားခဲ့တဲ့ငါးမန်းဟာ ကြိုးတန်းလန်းနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ငါးမန်းအမြီးကို  ဓားထိခဲ့ပေမယ့် ဓားဒဏ်ရာက သူ့အသက်ကို မခြိမ်းခြောက်နိုင်ပေမယ့် ချည်မိနေတဲ့ ကြိုးကြောင့် ဒီငါးမန်းဟာ အသက်ရှင်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။  ဆာရာကွန်း ရိုက်ကူးခဲ့တဲ့ ဒီဗွီဒီယိုဖိုင်ဟာ ဇွန် ၁၆ ရက်က လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့ပြီးနောက် အာဏာပိုင်တွေဟာ အမြီးမှာ ကြိုးတန်းလန်းနဲ့ ငါးမန်းကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
10 months Ago
Up