အမြန်ဆုံးလွှတ်ပေးရန်

A d v e r t i s e m e n t With Us

February 1, 2021

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် ဂျပန်အစိုးရ တောင်းဆို

တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ တိုက်တွန်းလိုက်ပါတယ်။

ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ခဆုနိုဘူကိုတာက ဒီနေ့ညနေပိုင်းသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်နေတယ်လို့ အတွင်းဝန်ချုပ်က ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပံ့ပိုးနေမှုများနဲ့ပတ်သက်ပြီး အနာဂတ်မှာ တုံ့ပြန်မှုအနေနဲ့ ဘယ်လို ဆက်လုပ်မလဲလို့ သတင်းထောက်တစ်ဦးရဲ့ အမေးကိုတော့ ဂျပန်အစိုးရ အနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကူညီထာက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပြီး အသေးစိတ်အစီအစဉ်တွေကိုတော့ ပြောဆိုခဲ့ခြင်း မရှိပေ။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အိုဒီအေအပါအဝင် စီးပွားရေးအကူအညီ အများအပြား ထောက်ပံ့နေတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

1 month Ago
Up