အမြန်ဆုံးဖြေရှင်

December 5, 2020

ရှေ့မတိုးနောက်မဆုတ်ဖြစ်နေသည့် ဘရဲဆစ်အရေး အမြန်ဆုံးဖြေရှင်းရန် တိုက်တွန်း‌

ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌတို့ဟာ ဘရဲဆစ် ကုန်သွယ်ရေးသဘောတူညီချက်နဲ့ပတ်သက်လို့ ဖြစ်နေတဲ့ ရှေ့မတိုးနောက်မဆုတ်သာအခြေအနေကို   ဒီဇင်ဘာ ၅ ရက်မနေ့ ကြိုးပမ်းဖြေရှင်းကြမှာ ဖြစ်ပါတယ်။  သီတင်းတစ်ပတ်ကြာ အကျေအလည်ဆွေးနွေးပြီးနောက်မှာ သိသာတဲ့ကွဲလွဲမှုတွေ  ရှိဆဲပဲလို့  နှစ်ဖက်ညှိနှိုင်းရေးမှူးတွေက ပြောဆိုပြီးတဲ့နောက်  နှစ်ဖက်ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်တာပါ။  ဒီဇင်ဘာ ၃၁ ရက်မှာ ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်မနုတ်ထွက်ခင် နှစ်ဖက် သဘောတူညီချက်ရဖို့ အချိန်ဟာ သိပ်မကျန်တော့ပါဘူး။  အတော်များများ သဘောတူညီချက်ရထားပေမယ့် ငါးဖမ်းခွင့်၊ စီးပွားရေးလုပ်ငန်းအတွက် ထောက်ပံ့ငွေ စီမံခန့်ခွဲတဲ့ စည်းမျဥ်းပိုင်းနဲ့ သဘောတူညီချက်အပေါ် ဘယ်လို မူဝါဒချမလဲဆိုတာ အပါအဝင်  အဓိကကျတဲ့ အပိုင်းတွေမှာ သဘောတူညီချက် မရသေးဘူးလို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။  
5 months Ago
Up