ကိုရိုနာကပ်ရောဂါကြောင့် သြစတြေးလျနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁၉ နှစ်တာအတွင်း အမြင့်ဆုံးရောက်ခဲ့တယ်လို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဇွန် ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
ကိုရိုနာကပ်ဘေးကြောင့် လုပ်ခဲ့ရတဲ့ လော့ဒေါင်းအစီအမံတွေက အလုပ်အကိုင်ကဏ္ဍအပေါ် ထိုးနှက်ချက် အတော်ကြီးမားတယ်လို့ ဆိုပါတယ်။
ဧပြီလအတွင်း အလုပ်အကိုင်ခန့်ထားမှု ၆ သိန်းခန့် စံချိန်တင် ထိုးကျခဲ့ပြီးနောက် မေလမှာ နောက်ထပ် ၂၂၇,၀၀၀ ကျော် ကျဆင်းခဲ့တယ်လို့ သြစတြေးလျစာရင်းအင်းဗျူရိုက ထုတ်ပြန်ပါတယ်။
အဲဒီနောက် သြစတြေးလျ အလုပ်လက်မဲ့နှုန်းဟာ ၂၀၀၁ အောက်တိုဘာ နောက်ပိုင်း အမြင့်ဆုံး ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။
ဒီကိန်းဂဏန်းတွေဟာ မတ်လနှောင်းပိုင်းက စလို့ ကိုရိုနာကပ်ဘေး ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းတွေ ပိတ်ပစ်ရတဲ့အပေါ်မှာ စီးပွားရေးထိခိုက်မှုကို မီးမောင်းထိုးပြနေပါတယ်။
သြစတြေးလျနိုင်ငံဟာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံး စီးပွားရေး ကျဆင်းတာကို ရင်ဆိုင်နေရပြီး ဗဟိုဘဏ်က ဇွန်လကုန်မှာ အလုပ်လက်မဲ့နှုန်း ၁၀ ရာခိုင်နှုန်း နဲ့ ၂၀၂၁ တနှစ်လုံး အလုပ်လက်မဲ့နှုန်း ဆက်မြင့်နေမယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။
9 months Ago