အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်က လမ်းတွေပေါ်မှာ အမြင့်ခုန်စင်ကြီးတခု လေပြင်းနဲ့အတူ လွင့်ပါလာတာကို မေ ၃ ရက်နေ့က ဗွီဒီယိုရိုက်ကူးနိုင်ခဲ့ပါတယ်။
ဒီအမြင့်ခုန်စင်ကြီးဟာ အိမ်တလုံးရဲ့ ဘေးကို ပြုတ်ကျ ရပ်တန့်သွားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
တန်နက်ဆီပြည်နယ်ကို အင်အားပြင်းမုန်တိုင်းတခု ဝင်ရောက်ခဲ့ပြီးနောက် မုန်တိုင်းကြောင့်ဖြစ်တဲ့ လေပြင်းတွေနဲ့အတူ အမြင့်ခုံစင်ဟာ အိမ်တလုံးနားကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။
“ဒီအမြင့်ခုန်စင်က ဟိုဘက် ခြောက်အိမ်ကျော်လောက်ကပါ။ ကျနော့်အိမ်က မဟုတ်ပါဘူး။ ကျနော့်အိမ်ကို ဒီစင်ကြီးလာမမှန်ဘဲ စာတိုက်ပုံးလေးပဲ ပျက်စီးသွားတာကတော့ ဘုရားမတာပါပဲ။ ဒီစာတိုက်ပုံးလေးကြောင့်ပဲ စင်ကြီးဟာ ကျနော့်အိမ်ကို လာမရိုက်ခင် ရပ်တန့်သွားခဲ့တာပါ” လို့ ဒီဖြစ်ရပ်ကို ဗွီဒီယိုရိုက်ကူးခဲ့သူ ကိုဒီဟိုလန်က ပြောပါတယ်။
တန်နက်ဆီပြည်နယ်မှာ အမြဲတမ်းလိုလို မုန်တိုင်းတွေ ဝင်ရောက်လေ့ရှိပါတယ်။
11 months Ago