အမျိုးသား ၄ ဦး ပစ်သတ်ခံရ

September 16, 2021

ထီးလင်းမြို့နယ် အကြည်ဝါးဘင်ရွာနေ အမျိုးသား ၄ ဦး ပစ်သတ်ခံရ

မကွေးတိုင်း ထီးလင်းမြို့နယ် အကြည်ဝါးဘင်းရွာမှာ စက်တင်ဘာ ၁၅ ရက်က အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေးဒလန် ၄ ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။

အကြည်ဝါးဘင်းကျေးရွာမှာ မနေ့ညက အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဒလန်တွေ ဖြစ်တဲ့ ဖိုးသိကြား၊ ဌေးအောင်၊ မင်းဝေဦးနဲ့ သားညီတို့ ၄ ယောက် သေနတ်နဲ့ ပစ်သတ်ခံရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီ ဒလန် ၄ ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းကာ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို စဉ်ဆက်မပြတ် ပေးပို့နေတာကြောင့် ပစ်သတ်ခံရတာဖြစ်ပြီးတော့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ထီးလင်းမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက်ညက ကန်ဇွန်းထောင်ကျေးရွာက ဒလန် တစ်ယောက်အသတ်ခံရသလို  ဇူလိုင်နဲ့ သြဂုတ်တွေမှာလည်း စစ်ကောင်စီသတင်းပေး ဒလန် ၂ ယောက်ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

4 weeks Ago
Up