အမျိုးသား ၁ ဦး ငါးမန်းကိုက်ခံရ

November 23, 2020

ဩစတြေးလျမြောက်ပိုင်းကမ်းခြေတွင် အမျိုးသား ၁ ဦး ငါးမန်းကိုက်ခံရပြီး သေဆုံး

သြစတြေးလျနိုင်ငံ၊ အနောက်သြစတြေးလျပြည်နယ်ရဲ့ မြောက်ပိုင်းကမ်းရိုးတန်းက လူကြိုက်များတဲ့ ကမ်းခြေမှာ အမျိုးသား ၁ ယောက် ငါးမန်းကိုက်ခံရလို့ နိုဝင်ဘာ ၂၂ ရက်မှာ သေဆုံးတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ ဘရွန်မေမြို့ ကေဘယ်ကမ်းခြေက ရေထဲကနေ အမျိုးသားကို ပြန်သယ်လာခဲ့ပြီး ဒေသခံ ရဲတွေက လူနာတင်ယာဉ်မရောက်ခင်မှာ ပြုစုကုသပေးခဲ့တယ်လို့ သြစတြေးလျ ရုပ်သံကော်ပိုရေးရှင်း ABC ရုပ်သံဌာနက အစီရင်ခံပါတယ်။ အနောက် သြစတြေးလျပြည်နယ် ရဲဌာနက မှတ်ချက်တစုံတရာ မပေးသေးပါဘူး။ ငါးမန်းကိုက်မှု ဖြစ်အပြီးမှာ ၁၄ မိုင်ရှည်တဲ့ သဲဖြူကမ်းခြေ ဖြစ်တဲ့ ကေဘယ်ကမ်းခြေကို ပိတ်ထားလိုက်ပြီလို့ အနောက်သြစတြေးလျပြည်နယ် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးဌာန (DPIRD) က ပြောပါတယ်။
5 months Ago
Up