အမျိုးသား ၁ ဦး၏ အလောင်းတွေ့ရှိ

May 12, 2020

မုံရွာမြို့ ချင်းတွင်းမြစ်ဘေးတွင် အမျိုးသား ၁ ဦး၏ အလောင်းတွေ့ရှိ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဘေး ဇက်ဆိပ်အောက်ဘက်နားမှာ ဦးခေါင်းနောက်စေ့ဒဏ်ရာနဲ့ အသတ်ခံထားရတာလို့ယူဆရတဲ့ အမျိုးသား တစ်ဦးရဲ့ အလောင်းကို  မေလ ၁၂ ရက် ညနေ ၅ နာရီလောက်က  တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူက ခန့်မှန်း အသက် ၄၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ အလောင်း‌ကိုတော့ ခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်နဲ့  ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုစစ်ဆေးကာ ဒေဝဂတိလူမှုကူညီရေးအသင်းကားနဲ့ မုံရွာဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ "ဒီနှစ်အတွင်းတော့ ဒီဟာအပါအဝင် ချင်းတွင်မြစ်ဘေးတွေ့တာက ရေနစ်တာတွေကောဆို ၃ လောင်းရှိပြီ။"လို့ ရာသက်ပန်လူမှုကူညီရေးအသင်းမှ ဦးသော်တာက ပြောပါတယ်။ သေဆုံးသူဟာ ဇက်ဆိပ်နားမှာ တဲထိုးပြီးနေတဲ့ အိမ်ခြေမဲ့ဖြစ်နိုင်တယ်လို့လည်း အနီးဝန်းကျင်က လူတချို့က ခန့်မှန်း ပြောဆိုကြပါတယ်။ လတ်တလောမှာ သေဆုံးသူ ဘယ်သူဆိုတာသိရဖို့နဲ့ ဘာကြောင့်သေဆုံးတယ်ဆိုတာ သိရဖို့ ရဲတပ်ဖွဲ့ကတော့ သေမှုသေခင်းဖွင့်ကာ ဆေးစစ်လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
11 months Ago
Up