COVID-19 စမ်းသပ်ကာကွယ်ဆေး ပထမအဆင့်ကို စတင်နေပြီလို့ သြစတြေးလျ အမျိုးသားသိပ္ပံအေဂျင်စီက ဧပြီ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဒီအကြိုကာကွယ်ဆေး စမ်းသပ်မှုကို မဲလ်ဘုန်းမြို့အနီးက ထိန်းချုပ်မှု မြင့်မားတဲ့ ဇီဝလုံခြုံရေးစင်တာမှာ ပြုလုပ်နေပါတယ်။
ဓနသဟာယသိပ္ပံနဲ့ စက်မှုသုတေသနအဖွဲ့ (CSIRO) က ပြုလုပ်တဲ့ စမ်းသပ်ချက်မှာ မြွေပါတွေကို ကာကွယ်ဆေး ထိုးပေးတာ ပါဝင်ပါတယ်။
ပထမအဆင့် စမ်းသပ်ချက်ဟာ ၃ လဝန်းကျင် ကြာမယ်လို့ (CSIRO) ညွှန်မှူးက ပြောပြီး ကာကွယ်ဆေးကတော့ လာမယ့်နှစ်နှောင်းပိုင်းမှ အများပြည်သူထံ ရောက်မယ်လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။
COVID-19 ကို သုတေသနပြုဖို့ CSIRO အဖွဲ့ဟာ တရုတ်နိုင်ငံ ပြင်ပမှာ ဗိုင်းရပ်စ်ပုံစံတူကို ဓာတ်ခွဲခန်းအတွင်း မွေးမြူခဲ့တဲ့ ပထမဆုံးသုတေသနအဖွဲ့အစည်း ဖြစ်ပါတယ်။
အခုဆိုရင် ကမ္ဘာ့နိုင်ငံနဲ့ ဒေသ ပေါင်း ၂၀၇ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁ သန်းကျော်နဲ့ သေဆုံးသူ ၅၃၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။
11 months Ago