အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်သောင်း

February 10, 2021

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်း ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းကို မနေ့ညက စစ်ကိုင်းနေအိမ်မှာ တပ်က လာဖမ်းသွားတယ်လို့ သိရပါတယ်။

အနီးဝန်းကျင် နေသူတဦးက “အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းကို ၆ နာရီခွဲလောက်မှာ နေအိမ်လာပြီး တပ်မ ၃၃ က တပ်မမှူးရဲ့ အမိန့်နဲ့ လာဖမ်းသွားတယ်” လို့ ပြောပါတယ်။ 

မိသားစုဝင်တွေကတော့ ဦးကျော်သောင်းအား ဘယ်လိုအကြောင်းပြချက်ကြောင့် ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ဖမ်းဆီးသွားပြီး ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရတဲ့အတွက် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

10 months Ago
Up