အမျိုးသားလုံခြုံရေး ဥပဒေသစ်

A d v e r t i s e m e n t With Us

May 27, 2020

 ဟောင်ကောင်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အသစ်တဖန် ပေါ်ပေါက်

တရုတ်အစိုးရ အဆိုပြုတဲ့ အမျိုးသားလုံခြုံရေး ဥပဒေသစ်ကြောင့် မေလ ၂၇  ရက်က ဟောင်ကောင်မှာ   အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အသစ်တဖန် ပေါ်ပေါက်ခဲ့ပါတယ်။ အနက်ရောင် ဝတ်ထားသူတွေ၊ ရုံးတက်ရုံးဆင်း ဝတ်စုံတွေ ဝတ်ထားသူတွေနဲ့  ထီးတွေ ဆောင်းပြီး  သူတို့ဘယ်သူဆိုတာ ဖုံးကွယ်ထားသူတွေ အပါအဝင် အသက်အရွယ်မျိုးစုံ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပါတယ်။ လွှတ်တော်နားမှာ လူစုဖို့ စီစဉ်ထားပေမယ့် ရဲတပ်ဖွဲ့ဝင် အများအပြားရှိတာမို့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် လွှတ်တော်ထဲမှာ အမတ်တွေ ဥပဒေကြမ်းကို  ဆွေးနွေးနေချိန်မှာပဲ  ဟိုင်ဆန်ပလေ့စ် ရှော့ပင်းမောလ်မှာ ဆန္ဒပြသူတွေက ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးကြပါတယ်။  အဓိကရုဏ်း နှိမ်နှင်းရေး ရဲတွေကလည်း ငရုပ်ကောင်းစပရေးတွေကို  သုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။  အဲဒီနောက်  အန္တရာယ်ရှိ လက်နက်ကိုင်ဆောင်မှု၊ တရားမဝင် အသုံးပြုဖို့  ပစ္စည်းတွေ လက်ဝယ်ထားရှိမှုနဲ့   ကားမဆင်မခြင်မောင်းမှုအတွက် လူ ၁၆ ယောက်ထက်မနည်း  ဖမ်းဆီးခဲ့တယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။ ခွဲထွက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို  ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့  ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေကိုပြဋ္ဌာန်းဖို့ တရုတ်အစိုးရ အဆိုပြုပြီးနောက်မှာ  ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ တဖန်နိုးထလာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
9 months Ago
Up