အမျိုးသားလိင်တူ BL ရုပ်သံစီးရီးစ်

A d v e r t i s e m e n t With Us

September 16, 2020

အမျိုးသားလိင်တူ BL ရုပ်သံစီးရီးစ်-“စည်း”တွင် ပါဝင်မည့် သရုပ်ဆောင်များ ထွက်ပေါ်

အမျိုးသားလိင်တူ BL ရုပ်သံစီးရီးစ်သစ် “စည်း”ထဲမှာ ပါဝင်ကြမယ့် သရုပ်ဆောင်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။        နောက်ဆုံး အပြီးသတ်ရွေးချယ်မှုအရ ဒီရုပ်သံစီးရီးစ်ထဲမှာတော့ သရုပ်ဆောင်မော် ဒယ်လ်တွေ ဖြစ်ကြတဲ့ ချာလီ၊ ထက်ဦးထွဋ်၊ စစ်မင်းထက်၊ ဇေယျာထက်နဲ့ လီလီကျော်ခိုင် တို့က ခေါင်းဆောင်ပါဝင်သွားကြမှာ ဖြစ်ပါတယ်။ ဒီရုပ်သံစီးရီးစ်ကိုတော့ King 7 Dynasty Production က စီစဉ်ပြီး စာရေးဆရာမ အကြင်နာမွန်ရဲ့ “စည်း” နာမည်နဲ့ပဲ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထုကို ရုပ်သံဇာတ်လမ်းတွဲ အနေနဲ့ ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ထာဝရပုံပေ၊ ကြယ်တွေကြွေသောညစတဲ့ စာအုပ်တွေရေးသားခဲ့တဲ့ စာရေးဆရာ မ အကြင်နာမွန်ရဲ့ စည်းဝတ္ထုကတော့ အကြိမ်ကြိမ်ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ်တ အုပ် ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဒီဇာတ်လမ်းကို ဖန်သားပြင်ပေါ်မှာ ခံစားကြည့်ရှုနိုင်တော့ မှာ ဖြစ်ပါတယ်။        စည်းရုပ်သံစီးရီးစ်ထဲမှာ ပါဝင်မယ့် အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ ခွန်းဆက်ပိုင်၊ ခွန်းထက်ပိုင်၊ ရန်နိုင်၊ မင်းသူ၊ ရွှေစင်စတဲ့ ဇာတ်ကောင်တွေနေရာတွေအတွက် လိုက်ဖက် သင့်တော်မယ့် သူတွေကိုတော့ အဆင့်ဆင့်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။        လတ်တလောမှာတော့ ဒီစီးရီးစ်ကို ရိုက်ကူးတင်ဆက်မယ့်အချိန်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
6 months Ago

August 14, 2020

အမျိုးသားလိင်တူ BL ရုပ်သံစီးရီးစ် ဒါရိုက်တာပွင့်သိင်္ဂီဇော် ရိုက်ကူးမည်

အမျိုးသားလိင်တူ BL ရုပ်သံစီးရီးစ်-"My Dear You" (The Series) ကို အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးသွားမယ်လို့ သိရပါတယ်။        King 7 Dynasty ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်သံစီးရီးစ်ကတော့ Sky နဲ့ Anna Lynn တို့ရဲ့ ဇာတ်လမ်းကို မယ်ခိုင်နဲ့ မေမိုးတို့က ဇာတ်ညွှန်းခွဲပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်သံစီးရီးစ်ထဲမှာတော့ အမျိုးသားမော်ဒယ်သရုပ်ဆောင် Jay Baas နဲ့ Francis Leo တို့က အဓိကပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ သီဟတင်အောင်စိုး၊ အောင်ဇေယျာမင်းထင်၊ ခင်သဇင်၊ သင်ဇာစတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာ ဖြစ်ပါတယ်။        ဒီရုပ်သံစီးရီးစ်ကို ရိုက်ကူးမယ့် ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ကတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ရဲ့ မျိုးဆက်ရင်သွေးတယောက်ဖြစ်ကာ ရုပ်ရှင်ကားကြီးတွေ၊ ရုပ်သံကြော်ငြာတွေ ရိုက်ကူးမှုတွေ ခပ်စိပ်စိပ်လုပ်လာနေရသူ ဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ရုံတင်ကားကြီးတွေဖြစ်တဲ့ “အခမ်းနားဆုံးမေတ္တာ” ၊ “လေဒီဒိန်းဂျား”စတဲ့ ရုပ်ရှင်တွေဟာ ပရိသတ်တွေ အသိအမှတ်ပြုကြရတဲ့ ဇာတ်ကားတွေဖြစ်တာမို့ ခုရုပ်သံစီးရီးစ်ကို ဘယ်လိုပုံဖော်ရိုက်ကူးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ပဲ ဖြစ်ပါတယ်။
7 months Ago
Up