အမျိုးသားရေးဝါဒီ

A d v e r t i s e m e n t With Us

June 14, 2020

လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကမ္ဘာတလွှားဖြစ်၊ အမျိုးသားရေးဝါဒီများနှင့် ထိပ်တိုက်တွေ့

ကမ္ဘာတလွှားမှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ ဇွန်လ ၁၃ ရက်က ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်မှာ အရင်လက လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် အသတ်ခံရအပြီး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ အမေရိကန်ကနေ ဥရောပ၊ အာဖရိကနဲ့ အာရှ ပစိဖိတ်ဒေသအထိ ပျံ့နှံ့ ပေါ်ပေါက်ခဲ့တာပါ။  ဗြိတိန်အမျိုးသားရေး ဝါဒီဆန္ဒပြသူတွေလည်း ထောင်ချီပြီး လမ်းပေါ်ထွက် ချီတက်ချိန်မှာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ လူမည်းရဲ့ အသက်လည်း အရေးပါတယ်လို့ နာမည်ပေးထားတဲ့ လှုပ်ရှားမှုကို ထောက်ခံသူတွေနဲ့ တန်ပြန်သပိတ် ဆင်နွှဲသူလို့ သူတို့ကိုယ်သူတို့ ကင်ပွန်းတပ်ထားသူ လက်ယာစွန်းအမျိုးသားရေးဝါဒီတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။  သူတို့ဟာ အရင်သီတင်းပတ်ကုန်ရက်က လက်သရမ်း ဖျက်ဆီးမှုတွေအပြီး ရုပ်တုတွေကို ကာကွယ်ချင်တယ်လို့ ပြောပေမယ့် လက်တွေ့မှာတော့ မွန်းလွဲပိုင်းတလျှောက်လုံး ရဲတွေနဲ့ ထပ်ခါတလဲ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။  ပြင်သစ်မြို့တော် ပါရီမှာလည်း လက်ယာယိမ်း အုပ်စုတွေနဲ့ လူမျိုးရေး ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားသူတွေ အပြိုင်ဆန္ဒပြခဲ့ပါတယ်။ ထိုင်ဝမ်မြို့တော် ထိုင်ပေနဲ့ သြစတြေးလျနိုင်ငံ ပါ့သ်မြို့နဲ့ဒါဝင်မြို့တွေမှာလည်း လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ 
9 months Ago
Up