အမျိုးသားဘက်စကတ်ဘောအသင်း

September 1, 2019

၁၃ နှစ်ကြာ ရှုံးပွဲမရှိ စံချိန် ကျိုးပျက်ခဲ့သည့် အမေရိကန် အမျိုးသားဘက်စကတ်ဘောအသင်း

၁၃ နှစ်ကြာ ရှုံးပွဲမရှိသေးတဲ့ အမေရိကန် ဘက်စကတ်ဘောအသင်းဟာ ကမ္ဘာ့ဖလားအကြို သြစတြေးလျအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၄ မှတ်အကွာနဲ့ ပထမဆုံးအကြိမ် ရှုံးပွဲတွေ့သွားခဲ့ပါတယ်။  ၂၀၀၆ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဂရိစ်အသင်းကို ရှုံးနိမ့်ခဲ့တာ နောက်ဆုံးဖြစ်ပြီးတော့ ၇၈ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဟာ သြစတြေးလျအသင်းနဲ့ ပွဲအပြီးမှာ ကျိုးပျက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ အမေရိကန်အသင်းဟာ ၉၈ မှတ် ၉၄ မှတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး သြစတြေးလျအသင်းရဲ့ လက်စွမ်းပြကစားသမား ပတ်တီမေးလ်စ်ရဲ့ ၁၀ မှတ်ရနိုင်မယ့် သွင်းယူမှုတွေကြောင့် ၁၀ စုနှစ် တခုကျော်အကြာ ရှုံးပွဲမရှိ စံချိန်ကို ပျက်စေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အသင်းဟာ FIBA က သတ်မှတ်ထားတဲ့ ကမ္ဘာ့အဆင့် ၁ နေရာကို အချိန်အတော်ကြာ ရပ်တည်ထားခဲ့ပြီး  2007 FIBA Americas, 2008 Olympics, 2010 World Cup, 2012 Olympics, 2014 World Cup and 2016 Olympics ပွဲတွေမှာ ရှုံးပွဲ လုံးဝမရှိခဲ့တာ ဖြစ်ပါတယ်။ လာမယ့်ကမ္ဘာ့ဖလားမှာလည်း အမေရိကန်အသင်းအတွက် NBA နာမည်ကျော် ကစားသမား အတော်များများဟာ ကစားဖို့ ငြင်းဆန်ထားတာကြောင့် အမြင့်ဆုံးအောင်မြင်မှုတွေရဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၁၃ ႏွစ္ၾကာ ရႈံးပြဲမရွိ စံခ်ိန္ က်ိဳးပ်က္ခဲ့သည့္ အေမရိကန္ အမ်ိဳးသားဘက္စကတ္ေဘာအသင္း ၁၃ ႏွစ္ၾကာ ရႈံးပြဲမရွိေသးတဲ့ အေမရိကန္ ဘက္စကတ္ေဘာအသင္းဟာ ကမာၻ႔ဖလားအႀကိဳ ၾသစေၾတးလ်အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ၄ မွတ္အကြာနဲ႔ ပထမဆုံးအႀကိမ္ ရႈံးပြဲေတြ႕သြားခဲ့ပါတယ္။ ၂၀၀၆ ခုႏွစ္ ကမာၻ႔ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ဂရိစ္အသင္းကို ရႈံးနိမ့္ခဲ့တာ ေနာက္ဆုံးျဖစ္ၿပီးေတာ့ ၇၈ ပြဲဆက္ ရႈံးပြဲမရွိ စံခ်ိန္ဟာ ၾသစေၾတးလ်အသင္းနဲ႔ ပြဲအၿပီးမွာ က်ိဳးပ်က္သြားခဲ့တာ ျဖစ္ပါတယ္။ အဲဒီၿပိဳင္ပြဲမွာ အေမရိကန္အသင္းဟာ ၉၈ မွတ္ ၉၄ မွတ္နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ၾသစေၾတးလ်အသင္းရဲ႕ လက္စြမ္းျပကစားသမား ပတ္တီေမးလ္စ္ရဲ႕ ၁၀ မွတ္ရႏိုင္မယ့္ သြင္းယူမႈေတြေၾကာင့္ ၁၀ စုႏွစ္ တခုေက်ာ္အၾကာ ရႈံးပြဲမရွိ စံခ်ိန္ကို ပ်က္ေစခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္အသင္းဟာ FIBA က သတ္မွတ္ထားတဲ့ ကမာၻ႔အဆင့္ ၁ ေနရာကို အခ်ိန္အေတာ္ၾကာ ရပ္တည္ထားခဲ့ၿပီး  2007 FIBA Americas, 2008 Olympics, 2010 World Cup, 2012 Olympics, 2014 World Cup and 2016 Olympics ပြဲေတြမွာ ရႈံးပြဲ လုံးဝမရွိခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ကမာၻ႔ဖလားမွာလည္း အေမရိကန္အသင္းအတြက္ NBA နာမည္ေက်ာ္ ကစားသမား အေတာ္မ်ားမ်ားဟာ ကစားဖို႔ ျငင္းဆန္ထားတာေၾကာင့္ အျမင့္ဆုံးေအာင္ျမင္မႈေတြရဖို႔ အခက္အခဲ ရွိလာႏိုင္ပါတယ္။
2 years Ago
Up