အမျိုးသားထောက်လှမ်းရေးဌာန ညွှန်မှူး

January 20, 2021

CIA အရာရှိဟောင်းအဗ်ရီယယ်ဟိန်းကို အမျိုးသားထောက်လှမ်းရေးဌာန ညွှန်မှူးအဖြစ် လျာထား

အမေရိကန် ထောက်လှမ်းရေး ထိပ်တန်း ရာထူးနေရာအတွက် လျာထားခံရသူ အမျိုးသမီးက တကယ်လို့ သူကိုသာ ဒီရာထူးအတည်ပြု ခန့်အပ်ခံရရင် ထောက်လှမ်းရေး အသိုင်းအဝိုင်းထဲမှာ ယုံကြည်မှု တည်ဆောက်ဖို့ လုပ်ဆောင်သွားမယ်လို့ ဇန်နဝါရီ ၁၉ ရက်မှာ ကတိပြုပြောကြားလိုက်ပါတယ်။ အိမ်ဖြူတော်အရာရှိဟောင်းနဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA အရာရှိဟောင်း အဗ်ရီယယ်ဟိန်းဟာ ဘိုင်ဒန်ရဲ့ အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ဖို့ နာမည်တင်သွင်းခံထားရတာပါ။ အဗ်ရီယယ်ဟိန်းက “အယုံကြည်ခံရဖို့ DNI ဟာ ကျမတို့ရဲ့ ဒီမိုကရက်တစ်တန်ဖိုးတွေကို ကိုင်စွဲထားရမယ်။ ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ အလုပ်တွေကို လျှို့ဝှက်ထားပေမယ့် ကျင့်ဝတ်နဲ့အညီ၊ ဉာဏ်ကြီးကြီး၊ ဥပဒေက ခွင့်ပြုသလောက် ထိရောက်မှုရှိရှိ လုပ်ရမယ်။ ထောက်လှမ်းရေး အသိုင်းအဝိုင်းထဲမှာရော ကျမတို့ ကာကွယ် ဝန်ဆောင်ပေးနေရတဲ့ လူတွေ ကြားမှာပါ သူတပါးရဲ့ ယုံကြည်စိတ်ချမှုကို ရဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချ ကိုးစားနိုင်ဖို့ ရည်မှန်းထားတယ်”လို့  သူ့ကို  အတည်ပြုခန့်အပ်နိုင်ဖို့အတွက်  အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီရှေ့မှာ ကြားနာဖို့ တက်ရောက်စဉ်မှာ ပြောပါတယ်။
9 months Ago
Up