အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ

February 24, 2020

နိုင်ငံတော်အကြီးအကဲများ အမှန်တရားကို မြင်အောင်ကြည့်နိုင်ပါစေဟု  ဦးစိုးထွန်းရှိန်ပြော

မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က)နဲ့ တရားစွဲခံထားရတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ရမည်းသင်းမြို့ တရားရုံးမှာ ဒီနေ့ ၁၂ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ “အမှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ အမှန်တရားကို မြင်အောင်ကြည့်နိုင်ပါစေ” လို့ ဦးစိုးထွန်းရှိန်က ဒီကနေ့ ရုံးထုတ်မှာ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ရုံးထုတ်မှာတော့ လိုပြသက်သေ ဦးနောင်နောင်နဲ့ ဦးတေဇာလင်းတို့ကို မစစ်တော့ဖို့ ဥပဒေအရာရှိက တင်ပြခဲ့ပြီး လာမယ့်ရုံးချိန်းကိုတော့ မတ်လ ၄ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ အမှုနဲ့ပတ်သက်ပြီး ရမည်းသင်း မြို့နယ်တရားသူကြီး ဦးဇော်လင်းအောင်က “လာမယ့် ရုံးချိန်းမှာတော့ ရာဇာဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၀ အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကို စစ်ဆေးရန်နဲ့ လိုပြသက်သေ ဦးညီညီလွင်၊ ဦးထွန်းအောင်စိုးတို့ကို အမှုနဲ့ ပတ်သက်ပြီး ဆက်လျက် စစ်ဆေးဖို့ ရှိမရှိကို ဥပဒေ အရာရှိက တင်ပြဖို့ ချိန်းဆိုထားပါတယ်”လို့ ပြောပါတယ်။ လက်ရှိအချိန်ထိ လိုပြသက်သေ ၁၃ ဦး (၁ ဦး သေဆုံး စာရင်းမှ ပယ်ဖျက်ထား) ကို စစ်ဆေးထားပြီး အမှုအတွက် လိုပြသက်သေ ၁၈ ဦး တင်သွင်းထားပါတယ်။ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ရွှေတူးဖော်ခွင့်ပါမစ် ရပ်ဆိုင်းခံထားရပေမယ့် ထပ်မံတူးဖော်ခဲ့တာကြောင့် ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က) နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ရမည်းသင်းမြို့နယ် အပိုင်ထဲမှာရှိတဲ့  ၆၁၀၅ ဧကရှိတဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက် A ကို ငါးနှစ်အတွင်းမှာ ပုဒ်ဖြတ်ရွှေစင် ၅ ဒသမ ၅၇၇ မတ်ထရစ်တန် (ပိသာချိန် ၃၄၁၅ ဒသမ ၃၂၇ ပိဿာ) နဲ့ အဆိုပြုငွေ ကျပ် သန်း ၁၀၀ ပေးသွင်းမယ်ဆိုပြီး ၂၀၁၁ ခုနှစ်က တင်ဒါအောင်မြင်ခဲ့တာပါ။  
2 years Ago
Up