အမျိုးသားကာကွယ်ရေးတပ်

May 7, 2021

ပေါင်မြို့နယ်တွင် အမျိုးသားကာကွယ်ရေးတပ် ဖွဲ့စည်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရဲ့ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို မေလ ၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ပေါင်မြို့နယ်အတွင်းက Gen Z  လူငယ်တွေ၊ ကျောင်းသား ပြည်သူ‌တွေ၊ ဝန်ထမ်းတွေ၊ နည်းပညာကျွမ်းကျင်ပုဂ္ဂိုလ်တွေအပြင် ရပ်မိရပ်တွေနဲ့ စုစည်းပြီး ဖွဲ့စည်းခဲ့တာပါ။

အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ ပြည်သူ‌တွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီး၊ သတ်ဖြတ်မှုမှ ကာကွယ်ဖို့အပါအဝင် ရည်ရွယ်ချက် ၅  ချက်နဲ့ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပေါင်မြို့နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ ဖက်ဒရယ်တပ်မတော် မပေါ်ထွန်းခင် စပ်ကြား အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒနဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

7 months Ago

April 25, 2021

မန္တလေးတိုင်း အမျိုးသားကာကွယ်ရေးတပ် ဖွဲ့စည်း

အကြမ်းဖက်စစ်အုပ်စုရဲ့ ဘေးရန်ကနေ ပြည်သူတွေကို ကာကွယ်ဖို့ မန္တလေးတိုင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီလို့  ဧပြီ ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အလိုက် GZ လူငယ်တွေ၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ မြို့မိမြို့ဖနဲ့ ပြည်သူတွေပူးပေါင်းဖွဲ့စည်းတာလို့ ဆိုပါတယ်။ 

မန္တလေးခရိုင် ၇ မြို့နယ်ကို ကိုယ်စားပြုထားတဲ့ ဒီတပ်ဖွဲ့မှာ အထူးတိုက်ခိုက်ရေးသမား ၁၀၀ နဲ့ တပ်သား ၉၀၀ ပါဝင်ပြီး စတင်ဖွဲ့စည်းတာလို့ သိရပါတယ်။

အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ နိုင်ငံတော်အာဏာကို ရွေးကောက်ခံပြည်သူ့အစိုးရထံ ပြန်အပ်နှံနိုင်ရေး၊ မတရားဖမ်းဆီးခံခေါင်းဆောင်တွေနဲ့ ကျောင်းသား ပြည်သူတွေလွတ်မြောက်ရေး၊ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားတွေနဲ့အတူတွန်းလှန်ရေး၊ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီး နှိပ်စစ်သတ်ဖြတ်ခြင်းမှ ပြည်သူတွေကင်းဝေးစေရေး စတာတွေအတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။  

လက်ရှိမှာတော့ CDM သမားတွေ၊ သပိတ်ခေါင်းဆောင်တွေကို ကာကွယ်ပေးသွားမှာဖြစ်ပြီး အရေးတော်ပုံအတွက် တိုက်ခိုက်ဖို့အချိန်ကျရင် ပါဝင်တိုက်ခိုက်သွားမယ်လို့လည်း သိရပါတယ်။

ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် People Defense Force ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ကနေ ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဉီးရည်မွန်က‌ ပြောကြားထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့လူငယ်တွေ၊ စစ်အာဏာရှင်ကို လက်မခံဘဲ ဖက်ဒရယ်ဒီမိုကရေစီအတွက် လိုအပ်တဲ့ စွန့်လွှတ်မှုကို ပြုဖို့ အသင့်ဖြစ်နေတဲ့သူတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

8 months Ago
Up